စက်ပျက်၍ရပ်ထားသည့် ၂၂ ဘီးကားအား ၁၂ ဘီးကားကနောက်မှဝင်တိုက် ၁၂ ဘီးကားမောင်းသူသေဆုံးခဲ့မှု ပဲခူးတိုင်းတွင်ဖြစ်ပွား

0
313

ပဲခူးတိုင်း၊ညောင်လေးပင်မြို့နယ်နှင့်ပိန်းဇလုပ်မြို့ကြားရှိ ရန်ကုန်- မန္တလေးကားလမ်းဟောင်းတွင် စက်တင်ဘာ ၈ ရက်ညပိုင်းက စက်ပျက်၍ ရပ်ထားသည့် ၂၂ ဘီးကားအား ၁၂ ဘီးကားကနောက်မှဝင်တိုက်မိခဲ့ကြောင်း သိရသည်။

ယမန်နေ့ည ၁၀ နာရီခွဲခန့်က ညောင်လေးပင်မြို့နယ်နှင့်ပိန်းဇလုပ်မြို့ကြား ရန်ကုန်-မန္တလေးလမ်းဟောင်းအတိုင်းမောင်းနှင်လာသည့် Fuso (၁၂) ဘီး(အဝါရောင်) ကားသည် မိုင်တိုင်အမှတ် ၈၇/၈ နှင့် ၈၈/၀ ကြားအရောက် အရှိန်မထိန်းနိုင်ဘဲစက်ပျက်၍ရပ်ထားသည့် Nissan (၂၂)ဘီး(အဖြူရောင်) ကားနောက်ပိုင်းအား ဝင်တိုက်မိခဲ့သည်။

ထိုသို့ ဝင်တိုက်မိခဲ့သဖြင့် Fuso (၁၂)ဘီးကားမောင်းနှင်သူနှင့်ယာဥ်နောက်လိုက်တို့မှာ ကားခေါင်းခန်းအတွင်း၌ညပ်နေခဲ့ရာ ညောင်လေးပင်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ကူညီကယ်ထုတ်ပေးခဲ့ကြကြောင်း သိရသည်။

ဖြစ်စဥ်ကြောင့် Fuso (၁၂)ဘီးကားမောင်းနှင်သူမှာ ထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ယာဥ်နောက်လိုက်ဖြစ်သူတွင်လည်း ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ရုပ်အလောင်းနှင့်ထိခိုက်ဒဏ်ရာရသူတို့အား ညောင်လေးပင် Volunteer လူမှုကူညီရေးအသင်းမှ ညောင်လေးပင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here