လာမည့် (၂၄) နာရီအတွင်း ငဝန်မြစ်ရေသည် သာပေါင်းမြို့၏ စိုးရိမ်ရေမှတ် အထက်သို့ ရောက်ရှိမည်

0
229

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ စက်တင်ဘာ (၁၀) ရက် နံနက် (၇) နာရီခွဲတွင်ထုတ်ပြန်ချက်အရ ငဝန်မြစ်ရေသည် လာမည့် (၂၄) နာရီအတွင်း သာပေါင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။

လက်ရှိအချိန်၌ ငဝန်မြစ်ရေသည် သာပေါင်းမြို့၏ စိုးရိမ်ရေမှတ်တွင် ရောက်ရှိနေပြီး လာမည့် (၂၄)နာရီအတွင်း၌ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ (၃)လက်မခန့်ကျော်လွန်ရောက်ရှိနိုင်ကြောင်း မိုးဇလက သတိပေးထားခြင်းဖြစ်သည်။

ထို့ကြောင့် သာပေါင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းတို့တွင် နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် မိုးဇလက အသိပေးကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here