မန္တလေးမြို့၌ ဓာတ်အားခကြွေးကျန်(၄)လနှင့်အထက်ရှိသော မီတာပုံးများကို ယနေ့မှစတင်၍ အပြီးဖြုတ်သိမ်းမည်

0
262

မန္တလေးမြို့၌ လျှပ်စစ်ဓာတ်အားခ ကြွေးကျန်(၄)လနှင့်အထက်ရှိသော မီတာပုံးများကို ယနေ့ စက်တင်ဘာ (၁၀) ရက်မှစတင်ကာ အပြီးဖြုတ်သိမ်းသွားမည်ဖြစ်ကြောင်း မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ သိရသည်။

လျှပ်စစ်ဓာတ်အားခ ကြွေးကျန်ရှိ၍ ဓာတ်အားဖြတ်တောက်ပြီးသော် လည်း (၃)လအတွင်း ဓာတ်အားခပေးဆောင်ခြင်းမရှိသူများ၏ မီတာပုံးအားဖြုတ်သိမ်းသွားမည်ဖြစ်ကာ မီးသုံးစွဲသူမှ (၁)လအတွင်း ဓာတ်အားခအကြေပေးသွင်းပါက မီးဆက်ခ(ဒဏ်ကြေး)ပေးဆောင်ပြီးမှသာ မီတာပုံးကိုပြန်လည်တပ်ဆင်ပြီး လျှပ်စစ်ဓာတ်အားပြန် လည်ဆက်သွယ်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။

ထို့ပြင် လျှပ်စစ်ဓာတ်အားသုံးစွဲမှုမရှိသော အိမ်ပိတ်မီတာများတွင် ဓာတ်အားသုံးစွဲမှုမရှိ၍ “၀” ယူနစ် (၆)လဆက် တိုက် မီတာဝန်ဆောင်ခကြွေးကျန်ဖြစ်နေသော မီတာပုံးများ၊ ဓာတ်အားခကြွေးကျန်(၄)လနှင့် အထက်ရှိသော မီတာများကိုလည်း ယနေ့မှစတင်၍ အပြီးဖြုတ်သိမ်းခြင်းသွားမည်ဟုဆိုသည်။

ထိုသို့ မီတာပုံးများအားဖြုတ်သိမ်းရခြင်းမှာ လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန၏ ချမှတ်ထားသောမူဝါဒ၊ ညွှန်ကြားချက်များ၊ လျှပ်စစ်ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်ခြင်းဖြစ်ပြီး လျှပ်စစ်မီးအသုံးပြုသူများ ဓာတ်အားသုံးစွဲလိုခြင်းမရှိဟုယူဆသဖြင့် ဓာတ်အားသုံးစွဲမှုကိုရပ်စဲလိုက်မည်ဖြစ်ကြောင်းလည်း သိရသည်။

ထို့ပြင် လျှပ်စစ်ဓာတ်အား ပြန်လည်သုံးစွဲလိုသူများသည် မီတာအသစ် လျှောက်ထားရမည်ဖြစ်ကာ ဓာတ် အားခကြွေးကျန်အားလုံးပေးသွင်းပြီး မီတာအသစ်နှင့်ပတ်သက်၍ ဌာနသို့ ပေးသွင်းရမည့် ငွေများထပ်မံပေးသွင်းပြီး (၃) လစောင့်ကြည့်ပြီးပါက မီတာပြန်လည်တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here