ဖိလစ်ပိုင်- ရုရှား တိုက်ရိုက်လေကြောင်း ပြေးဆွဲသည့် ဝန်ဆောင်မှု စတင်တော့မည်

0
170

ဖိလစ်ပိုင်သည် ရုရှားနှင့် တိုက်ရိုက်လေကြောင်း ပြေးဆွဲသည့် ဝန်ဆောင်မှု စတင်ရန် သက်ဆိုင်ရာ လုပ်ငန်းများကို လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ရုရှား ဂုဏ်ထူးဆောင် ကောင်စစ်ဝန် အာမီလိုပက်ဇ် ဂါစီယာ က တနင်္ဂနွေနေ့တွင် ပြုလုပ်သည့် အရှေ့စီးပွားရေး ဖိုရမ် (EEF) ခေတ္တနားချိန်တွင် ပြောကြားခဲ့သည်။

“ရုရှားနဲ့ ဖိလစ်ပိုင်ကြား တိုက်ရိုက်လေကြောင်းခရီးစဉ်ကို ကျွန်မတို့ကလဲ စတင်ချင်ပါတယ်။ ဒီစီမံကိန်းကို လုပ်ဆောင်နေပါပြီ” ဟု သက်ဆိုင်ရာမေးခွန်းကို ဖြေကြားရာတွင် သူမက ပြောကြားခဲ့သည်။ “ဒီကိစ္စကို ရုရှားရဲ့ လေကြောင်းအာဏာပိုင်တွေနဲ့ တွေ့ဆုံတင်ပြခဲ့ပြီးပါပြီ”ဟုလည်း သူမကပြောသည်။

“ရုရှားလေကြောင်းလိုင်း Aeroflotက အဲဒီလို တိုက်ရိုက်ပျံသန်းမှုတွေကိုစိတ်ဝင်စားပါတယ်”ဟုလည်း သူမကဆိုသည်။

“ဖိလစ်ပိုင် သံအမတ်ကြီးက အဲဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ကျွန်မတို့ နိုင်ငံခြားရေး ဝန်ကြီးဌာနကို အကြောင်းကြားပြီးပါပြီ။ ဒါက လုပ်ထုံးလုပ်နည်းပဲ” ဟု ရုရှား ဂုဏ်ထူးဆောင် ကောင်စစ်ဝန် အာမီလိုပက်ဇ် ဂါစီယာက ပြောကြားခဲ့သည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း(MAI)က ရုရှားနိုင်ငံသို့တိုက်ရိုက်ပျံသန်းသည့် ရန်ကုန် – မန္တလေး – နိုဗိုဆီဘရစ် - မန္တလေး- ရန်ကုန်ခရီးစဉ်သစ်ကို စက်တင်ဘာ ၅ ရက်တွင် စတင်ပျံသန်းပြေးဆွဲခဲ့ပြီးမကြာခင်တွင် ဖိလစ်ပိုင်ကလည်း ယခုကဲ့သို့ စီစဉ်လာခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here