သိုလှောင်ရုံ ကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ်ဆိုင်ရာများ ညှိနှိုင်း

0
392

သိုလှောင်ရုံ ကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ် (Warehouse Receipt Financing Syetem) အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းအဖွဲ့ (Task Force) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည်။

အဆိုပါ အစည်းအဝေးကို စက်တင်ဘာလ (၉) ရက် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေး ထောက်ပံ့မှုစနစ်သည် တောင်သူလယ်သမားများအတွက် သီးနှံပေါ်ချိန်တွင် သိုလှောင်မှုအခက်အခဲ၊ ငွေကြေးလိုအပ်မှု အခြေအနေများကြောင့် သီးနှံစျေးနှုန်း အနိမ့်ဖြင့် ရောင်းချခြင်းမပြုဘဲ သတ်မှတ်ထားသည့် သိုလှောင်ရုံများတွင် လာရောက်အပ်နှံပြီး ချေးငွေရယူနိုင်သည့် အစီအစဉ်ဖြစ်ပြီး သီးနှံစျေးကောင်းချိန်တွင်မှ ပြန်လည်ရောင်းချပြီး ချေးငွေပြန်လည်ပေးဆပ်သည့် စနစ်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စနစ်ကို အကောင်အထည်ဖော်ခြင်းဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်သည့် တောင်သူ လယ်သမားများ၊ မျိုးစေ့ထုတ်လုပ်သူများ အနေဖြင့် အကျိုးကျေးဇူး ကောင်းစွာ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယင်း အစည်းအဝေးသို့ Task Force အဖွဲ့ခေါင်းဆောင်၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး တက်ရောက် အမှာစကား ပြောကြားခဲ့ပြီး အစည်းအဝေးတွင် သိုလှောင်ရုံ ကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ်နှင့် ပတ်သက်၍ စားသုံးသူရေးရာဉီးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌတို့က ရှင်းလင်းဆွေးနွေး တင်ပြကြကာ ဒုတိယဝန်ကြီးနှင့် ပါဝင်တက်ရောက်လာသည့် Task Force အဖွဲ့ဝင် ဌာနဆိုင်ရာ အကြီးအကဲများက ဖြည့်စွက်ဆွေးနွေး အကြံပြုခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here