EV ဆိုင်ရာ စံချိန်စံညွှန်း (၁၈) ခုတွင် EV ဘက်ထရီနှင့်ပတ်သက်ပြီး (၆) ခု ပါဝင်

0
208

EV ဘက်ထရီများအား စနစ်တကျအသုံးပြုရန် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီထံ တင်ပြမည့် လုပ်ငန်းစဉ်များအလိုက် စည်းမျဉ်းစည်းကမ်းနှင့် လိုက်နာရမည့်အချက်များ(မူကြမ်း)နှင့် ပတ်သက်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန ဒု-ဝန်ကြီးဒေါက်တာအောင်ဇေယျက ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒု-ဝန်ကြီး ဒေါက်တာအောင်ဇေယျမှ စက်တင်ဘာ (၉) ရက်ကပြုလုပ်ခဲ့သည့် EV ဘက်ထရီ စွန့်ပစ်ပစ္စည်းစီမံခန့် ခွဲမှုဆိုင်ရာ ဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/ ၂၀၂၃)သို့တက်ရောက်၍ ပြောကြားခဲ့ခြင်းဖြစ်သည်။

EV ဘက်ထရီများကို စနစ်တကျသုံးစွဲနိုင်ရေး၊ စွန့်ပစ်ပစ္စည်းများမှ ပြည်သူ့ကျန်းမာရေးနှင့် နိုင်ငံ့ရေမြေသဘာဝပတ်ဝန်းကျင်အပေါ်  ဆိုးကျိုးထိခိုက်မှုများ လျှော့ချနိုင်ရေး၊ EV ဘက်ထရီထုတ်လုပ်ရေးဆိုင်ရာ သယံဇာတရင်းမြစ်များသည် အကန့်အသတ်ရှိ၍ အချိန်မတိုင်မီစွန့်ပစ်ခြင်းမှ ကြိုတင်ကာကွယ်မှု ပြုလုပ်နိုင်ရေးတို့အတွက် ဆောင်ရွက်သွားမည်ဟုလည်း ဒုဝန်ကြီးက ပြောသည်။

ထို့ပြင် ပထမသက်တမ်းအတွက် အသုံးပြုပြီး ဘက်ထရီဆဲလ်များကို ဒုတိယသက်တမ်းအတွက် ပြန်လည်အသုံးပြုခြင်း၊ ဘက်ထရီများရှိ အဖိုးတန်ကုန်ကြမ်းများကို ပြန်လည်ထိန်းသိမ်းအသုံးချခြင်း၊ စွမ်းအင်အတွက် ပြန်လည်ရယူထားသော ဘက်ထရီပစ္စည်းများကို အသုံးပြုခြင်း၊ ဘက်ထရီများရှိ အဖိုးတန်ပစ္စည်းများလုံးဝကုန်ဆုံးချိန်မှသာ စွန့်ပစ်ခြင်းတို့အတွက် လုပ်ငန်းစဉ်များအလိုက် စည်းမျဉ်းစည်းကမ်းနှင့်လိုက်နာရမည့်အချက်များ(မူကြမ်း)များကို အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီထံ တင်ပြသွားမည်ဟု ပြောသည်။

ထို့အတူ EV ဆိုင်ရာစံချိန်စံညွှန်း ၁၈ ခုကို သတ်မှတ်ပြဋ္ဌာန်းခဲ့ပြီး EV ဘက်ထရီအတွက် ၆ ခုပါဝင်ကာ EV ဘက်ထရီ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု ဆိုင်ရာသုတေသန၊နည်းပညာနှင့် HR ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ EV သုံးစွဲသူများ၏ လက်ဝယ်အရောက် ဘက်ထရီသက်တမ်းကြာရှည်ခံစွာသုံးစွဲမှုဆိုင်ရာများ၊ဘေးကင်းစွာထိန်းသိမ်းမှုနှင့်စွန့်ပစ်မှု ဆိုင်ရာလုပ်ငန်းစဉ်များ၊အသိပညာဖြန့်ဝေပေးရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here