လိုင်စင်ဝင်မည့်ကားများ၏ ယာဉ်မှတ်ပုံတင်ဆိုင်ရာ အခငွေနှုန်းထားများကို ၃ ဆခန့်တိုးမြှင့်ကောက်ခံသွားမည်

0
3117

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် လိုင်စင်ဝင်မည့်ကားများ၏ ယာဥ်မှတ်ပုံတင်ဆိုင်ရာ အခငွေနှုန်းထားများကို ၃ ဆခန့်ထပ်မံတိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ တိုးမြှင့်ကောက်ခံရခြင်းမှာ နိုင်ငံတော်ဝင်ငွေဆုံးရှုံးနစ်နာမှုမရှိစေရေးအတွက်ဖြစ်သည်ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ စက်တင်ဘာ ၈ ရက်ကထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်အရ သိရသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ယာဉ်မှတ်ပုံတင်ဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ ကောက်ခံလျက်ရှိသည့် အခငွေနှုန်းထားများသည် ခေတ်ကာလနှင့်လျော်ညီမှုမရှိဘဲ တိုးမြှင့်ကောက်ခံသင့်သည့် ကာလတစ်ခုသို့ရောက်ရှိလာခြင်း၊အခြေခံလစာနှုန်းများတိုးမြှင့်လာခြင်း၊ ယာဉ်စီးရေ ယခင်ထက်များစွာတိုးမြှင့်လာသည့်အပြင် ယာဉ်တန်ဖိုးများမြှင့်တက်လာခြင်းနှင့်ယာဉ်မောင်းလိုင်စင်အခငွေနှုန်းထားများကို ၂၀၁၈ ခုနှစ်ကပင် ပြောင်းလဲတိုးမြှင့်သတ်မှတ်ခဲ့ပြီးဖြစ်ခြင်းတို့ကြောင့်လည်းဖြစ်သည်။

ထို့ကြောင့် ယာဉ်မှတ်ပုံတင်ဆိုင်ရာအခငွေများကို ယခင်နှုန်းထားများထက် (၃)ဆခန့်တိုးမြှင့်သတ်မှတ်ရန် အခြေခံလျာထားတွက်ချက်ပြီးဖြစ်ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here