ကုန်းမြင့်(၁)စိုက်ပျိုးမွေးမြူရေးစခန်းမှ ပိုလျှံမှုများအား ဌာနဆိုင်ရာများနှင့်ဒေသခံများကို သက်သာစွာရောင်းချပေးမည်

0
204

ကုန်ဈေးနှုန်းမြင့်တက်မှုကို အထိုက် အလျောက်လျှော့ချနိုင်ရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌမှ စက်တင်ဘာ ၁၀ ရက်နံနက်ပိုင်းက အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကုန်းမြင့်(၁)စိုက်ပျိုးမွေးမြူရေးစခန်းအားကြည့်ရှုစစ်ဆေးစဥ် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

မိုးစပါးစိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်သည့် စပါးမျိုးများကိုစိုက်ပျိုးရမည်ဖြစ်ကာ စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် တစ်ဧကချင်းအထွက်နှုန်းများ တိုးတက်စေရေးအတွက် အခြေခံအချက်များဖြစ်သည့် မျိုး၊မြေ၊ရေ၊နည်းတို့ကို စနစ်တကျဆောင်ရွက်ရမည်ဟု မှာကြားသည်။

ထို့ပြင် အထွက်နှုန်းကောင်းမွန်သည့် စပါးမျိုးများကို တပ်ရင်းတပ်ဖွဲ့များနှင့်ပိုလျှံပါက ဒေသအတွင်း၌ပါ စိုက်ပျိုးနိုင်ရေးဖြန့်ဝေပေးရမည်ဖြစ်ပြီး နေကြာစိုက်ပျိုးမှုကိုလည်း စနစ်တကျစိုက်ပျိုး၍ အထွက်နှုန်းများယခုထက်တိုးတက်အောင်ဆောင်ရွက်ရမည်ဖြစ်ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသတွင် စံပြအဖြစ်အောင်မြင်အောင်ဆောင်ရွက်ရန်တိုက်တွန်းခဲ့သည်။

ထို့အတူ တစ်သျှူးငှက်ပျောများကို တပ်ရင်းတပ်ဖွဲ့များအပြင် ဒေသဌာနဆိုင်ရာများနှင့်ဒေသခံ ပြည်သူများပါ စိုက်ပျိုးနိုင်ရန်အတွက် တစ်သျှူးငှက်ပျောမျိုးများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးရန်ပြောခဲ့သည်။

နို့စားနွား၊အသားစားနွား၊ဒေသနွား၊ DYL ဝက်၊ဥစားကြက်၊အသားစားကြက်နှင့်ငါးများကို စနစ်တကျ အောင်မြင်ဖြစ်ထွန်းအောင်မွေးမြူပြီး ထွက်ရှိလာသည့်အသား၊ငါးနှင့်ဥများအား တပ်မတော်သားမိသားစုဝင်များကို သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေးသကဲ့သို့ ပိုလျှံသည့်အသား၊ငါးနှင့်ဥများကို ဌာနဆိုင်ရာဝန်ထမ်းများနှင့်ဒေသခံများကို ရောင်းချပေးခြင်းဖြင့် ကုန်ဈေးနှုန်းမြင့်တက်မှုကို အထိုက်အလျောက်လျှော့ချနိုင်မည်ဟု ဆိုသည်။

ထို့ပြင် တိုင်းစစ်ဌာနချုပ် အစာစပ်လုပ်ငန်းများမှထွက်ရှိသည့် တိရစ္ဆာန်အစာများပိုလျှံပါက ဒေသခံမွေးမြူရေးလုပ်ငန်းများထံ ရောင်းချပေးရမည်ဖြစ်ပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဒေသတွင်း၌ စံပြဖြစ်စေရန် အောင်မြင်အောင်ဆောင်ရွက်သွား
ဖို့အားပေးခဲ့သည်။

ထို့နောက် နစက ဥက္ကဋ္ဌသည် နို့စားနွား၊အသားစားနွားနှင့်ဒေသနွားများမွေးမြူထားရှိမှု၊ DYL ဝက်များမွေးမြူထားရှိမှုတို့ကို ကြည့်ရှုခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here