အမေရိကန်လေတပ်နှင့်ထိုင်းတော်ဝင်လေတပ်တို့ပူးပေါင်းလေ့ကျင့်

0
392

အမေရိကန်ပြည်ထောင်စုမှဝါရှင်တန်လေတပ်၊အော်ရီဂွန်လေတပ် နှင့်ထိုင်းတော်ဝင်လေတပ်တို့သည် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၀ ရက်မှ ၂၁ ရက်အထိ ထိုင်းနိုင်ငံ၊ Korat တော်ဝင်လေတပ်အခြေစိုက်စခန်းတွင် ပထမဆုံးအကြိမ် မိတ်ဖက်အဖြစ်ထိတွေ့ဆက်ဆံခဲ့သည်။

အဆိုပါလေတပ်တို့သည် Balance/Teak Torch 2023 (လေတပ်) ကုဒ်အောက်တွင်ပူးပေါင်း လေ့ကျင့်လျက်ရှိသည်။

လေတပ်မိတ်ဖက်များအကြား တိုက်ခိုက်ရေးစွမ်းရည်မြှင့်တင်ရန်၊နှစ်နိုင်ငံအကြား ခိုင်မာသော ကာကွယ်ရေးနှင့် နိုင်ငံချင်းပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ကို မြှင့်တင်ရန် ရည်ရွယ်သည်ဟုသိရသည်။

Source: Khaosoa


LEAVE A REPLY

Please enter your comment!
Please enter your name here