လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက် ဆရာတော်ကြီးအား နစက ဥက္ကဋ္ဌနှင့်ဇနီးတို့ဖူးမြော်ကြည်ညို

0
190

ရှမ်းပြည်​မြောက်ပိုင်းသို့ရောက်ရှိနေသည့် နစက ဥက္ကဋ္ဌနှင့်ဇနီးတို့သည် စက်တင်ဘာ ၁၀ ရက်နံနက်ပိုင်းက လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက် ဆရာတော်ကြီး အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာကမ္မဌာနာစရိယ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ ပုညနန္ဒ အားဖူးမြော်ကြည် ညိုခဲ့ကြသည်။

ထိုသို့ ဖူးမြှော်ကြည်ညိုပြီးနောက် ဆရာတော်ကြီးအား နစက ဥက္ကဋ္ဌနှင့်ဇနီးတို့မှ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ပုံစံတူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွား တော်မြတ်၊ဆွမ်းဆန်တော်နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့ပြင် နစက ဥက္ကဋ္ဌနှင့်ဇနီးတို့သည် သီရိမင်္ဂလာဓမ္မရတနာ ၃ ထပ်ကျောင်းဆောင်သစ်ရှေ့၌ လုမ္ဗိနီအင်ကြင်းပင်ကို အမှတ်တရစိုက်ပျိုးပေးခဲ့ကြပြီး ကျောင်းတိုက်မှစာသင်သားသံဃာတော်များနှင့်သာမဏေများအား နေ့ဆွမ်းလောင်းလှူခဲ့ကြသည်။

ထို့နောက် သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်ဆ ရာတော်မှ နစက ဥက္ကဋ္ဌနှင့်ဇနီး အဖွဲ့ဝင်များအား ဓမ္မလက်ဆောင်များပေးအပ်ပြီး နစက ဥက္ကဋ္ဌမှ ဆရာတော်ကြီးထံမှ သြဝါဒခံယူခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here