ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ကားတစ်စီးလမ်းဘေးသစ်ပင်ဝင်တိုက် တစ်ဦးဒဏ်ရာရ

0
149

ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊အမှတ်(၆၀)ရပ်ကွက်တွင် စက်တင်ဘာ ၁၀ ရက်ညပိုင်းက ကားတစ်စီးအရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိသစ်ပင်ကိုဝင်တိုက်မိခဲ့ကြောင်း သိရသည်။

ယမန်နေ့ည ၁၀ နာရီကျော်ခန့်က ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊အမှတ်(၆၀)ရပ်ကွက်၊ဧရာဝဏ်လမ်းအတိုင်း မောင်းနှင်လာသည့် ကားတစ်စီးသည် စာဥမှတ်တိုင်အနီးအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိသစ်ပင်အားဝင်တိုက်မိခဲ့သဖြင့် အမျိုးသားတစ်ဦး ကားခေါင်းခန်းအတွင်း၌ညပ်သွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသဖြင့် ည ၁၀ နာရီ ၂၀ မိနစ်ကျော်ခန့်တွင် ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကယ်ထုတ်ပြီးနောက် ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိထား၍ အောင်မဂ်လာပရဟိတအသင်းမှ မြေပြင်ကုသမှုများပြုလုပ်ပြီးနောက် သင်္ဃန်းကျွန်းစံပြဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Phpto-အောင်မင်္ဂလာအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here