စားသုံးဆီများကို သတ်မှန်စျေးနှုန်းဖြင့်ရောင်းချခြင်းရှိ/မရှိ မော်လမြိုင်ကျွန်းမြို့တွင်စစ်ဆေး

0
132

ဧရာဝတီတိုင်း၊မောလမြိုင်ကျွန်းမြို့တွင် စားသုံးဆီများအား သတ်မှတ်စျေးနှုန်းဖြင့်ရောင်းချခြင်းရှိ/မရှိအား ပူးပေါင်းအဖွဲ့ဝင်များမှ စက်တင်ဘာ ၁၀ ရက်နံနက်ပိုင်းက လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့ရှိ အောင်သာယာစျေး၊ဆိပ် ကမ်းသာစျေး၊ဗိုလ်ချုပ်စျေးတို့ရှိ စားသုံးဆီအရောင်းဆိုင်များ၊စားသုံးဆီများရောင်းချလျက်ရှိသည့် ကုန်စုံဆိုင်ကြီးများ(စုစုပေါင်း ၁၀၈ ဆိုင်) အား လိုက်လံစစ်ဆေးခဲ့ကြခြင်းဖြစ်သည်။

ထိုသို့ စစ်ဆေးစဥ် တာဝန်ရှိသူများက သတ်မှတ်ထားသောစျေးနှုန်းဖြင့်ရောင်းချရန်၊အခြားစား သောက်ကုန်ပစ္စည်းများဖြင့်တွဲဖက်၍ ရောင်းချခြင်းမပြုရန်၊စျေးအတွင်းရှိ စားသုံးဆီအရောင်းဆိုင်များအနေဖြင့် ဝယ်သူများကိုတန်းစီပြီးရောင်းချခြင်းမပြုရန်၊စားသုံးဆီများကို မိမိတို့ရောင်းလိုသောအတိုင်းအတာအားလွတ်လပ်စွာဝယ်ယူခွင့်ပြုရန်တို့အား မှာကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here