သာကေတတွင် YBS ပေါ်မှ အမျိုးသား (၂) ဦး ပြုတ်ကျ (၁) ဦး သေဆုံး

0
589

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ၊ အနော်မာ မှတ်တိုင်အနီးတွင် ယနေ့စက်တင်ဘာ (၁၁) ရက် နံနက်ပိုင်းက YBS ယာဉ်ပေါ်မှ ခရီးသည် (၂) ဦး ပြုတ်ကျကာ (၁) ဦးသေဆုံးသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသ ည်။

ယနေ့ နံနက် (၇) နရီဝန်းကျင်တွင်သာကေတ ၊ အနော်မာ မှတ်တိုင်အနီးတွင် YBS ယာဉ်ပေါ်မှ ခရီးသည်အမျိုးသား (၂) ဦး ပြုတ်ကျခဲ့ခြင်းဖြစ်ပြီး တစ်ဦးသေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အနီးပတ်ဝန်းကျင်မှ ဖုန်းဆက်အကြောင်းကြားသည့်အတွက် သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ အချိန်နှင့် တပြေးညီသွားရောက်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိထားသော အသက် (၂၀) ဝန်းကျင် အမျိုးသားကို မြေပြင်ကုသမှုများဆောင်ရွက်ပေးကာ အမတ္တဂဝေသီလူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ဦးခေါင်းထိခိုက်ဒဏ်ရာဖြင့် သေဆုံးသွားသည့် အသက် (၂၀) ဝန်းကျင် အမျိုးသား၏ ရုပ်အလောင်းအား မနောဖြူလူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here