အင်ဒိုသမ္မတဂျိုကိုဝီကို ဘိုင်ဒင်ဖိတ်​ခေါ်

0
450

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီ ဝီဒိုဒို ကို လာမည့်နိုဝင်ဘာလတွင်ဝါရှင်တန်၌ လက်ခံတွေ့ဆုံမည်ဖြစ်​ကြောင်းအိမ်ဖြူတော်က စနေနေ့ကထုတ်ပြန်ခဲ့သည်။

ထိုဖိတ်​ခေါ်မူသည်နယူးဒေလီ၌ ပြုလုပ်သည့် G20ထိပ်သီးအစည်းအဝေးတွင် ခေါင်းဆောင်နှစ်ဦး တွေ့ဆုံပြီးနောက်ထွက်​ပေါ်လာခြင်းဖြစ်သည်။

“သမ္မတ ဘိုင်ဒင်က ဝီဒိုဒိုကို အာဆီယံ ၂၀၂၃ ဥက္ကဋ္ဌတာဝန်ယူချိန်ထူးထူးခြားခြားခေါင်းဆောင်နိုင်မှုနှင့် ၂၀၂၂ ခုနှစ်G20 ဥက္ကဋ္ဌအဖြစ် ၄င်း၏ထူးခြား​သော ခေါင်းဆောင်မှုအပေါ် ချီးကျူးဂုဏ်ပြုခဲ့ပါတယ်” ဟု အိမ်ဖြူတော်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“သမ္မတ ဘိုင်ဒင် က ဒီနိုဝင်ဘာလ၊အိမ်ဖြူတော်မှာ နှစ်နိုင်ငံတွေ့ဆုံဖို့အတွက် သမ္မတ ဝီဒိုဒို ကို ဝါရှင်တန်က​နေကြိုဆိုဖို့ မျှော်လင့်နေပါတယ်။ ပြီးတော့ ဆန်ဖရန်စစ္စကိုမှာပြုလုပ်မယ့် APEC စီးပွားရေးခေါင်းဆောင်တွေရဲ့ ရက်သတ္တပတ်အတွက် သမ္မတ ဝီဒိုဒိုကို ဖိတ်ကြားထားပါတယ်။”ဟု အိမ်ဖြု​တော်ကဆိုသည်။

Source: Nikkeiasia


LEAVE A REPLY

Please enter your comment!
Please enter your name here