မကွေးမြို့တွင် ပါဂျရို ကားနှင့် ဆိုင်ကယ်တိုက်မိ၍ အမျိုးသမီးတစ်ဦး ဒဏ်ရာရ

0
315

မကွေးတိုင်း၊ မကွေးမြို့၊ ပြည်တော်သာလမ်းနှင့် အဝေရာလမ်းထောင့်တွင် ယနေ့ စက်တင်ဘာ (၁၁) ရက် နံနက် (၁၀) နာရီခွဲကျော်ခန့်က ပါဂျရို ကားနှင့် ဆိုင်ကယ်တို့တိုက်မိခဲ့ကြောင်း M-RESCUE  MAGWAY မြေပြင်လူမှုကူညီရေးအသင်းမှ သိရသည်။

“တိုက်မိတဲ့ အနေအထားက မပြင်းထန်တဲ့အတွက် ဆိုင်ကယ်ပေါ်က အမျိုးသမီးကတော့ ဘယ်ဘက်လက်ပွန်းပဲ့တယ်။ခါးနာသွားတယ်။ မစိုးရိမ်ရပါဘူး၊ ကားက ပါဂျရို အမျိုးအစားပါ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးအား M- RESCUE MAGWAY မြေပြင်လူမှုကူညီရေးအသင်းမှ မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် မကွေးတိုင်းပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here