မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းနှင့် Lin Latt FC အသင်းတို့ ခြေစမ်းပွဲ နှစ်ပွဲယှဉ်ပြိုင်ကစားမည်

0
263

ပဏာမ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းနှင့် မန္တလေးမြို့အခြေစိုက် Lin Latt FC အသင်းတို့ ခြေစမ်းပွဲ (၂) ပွဲယှဥ်ပြိုင်ကစားသွားမည်ဖြစ်သည်။

ပဏာမ မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းနှင့် Lin Latt FC အသင်းတို့သည် MFF Futsal Stadium တွင် စက်တင်ဘာ (၁၂) ရက်နှင့် စက်တင်ဘာ (၁၃)ရက် နေ့လယ် (၃) နာရီခွဲတို့၌ ခြေစမ်းပွဲများ ယှဥ်ပြိုင်ကစားသွားမည်ဖြစ်ပြီးအခမဲ့လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

ပဏာမမြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် အာရှဖူဆယ်ချန်ပီယံရှစ်ခြေစစ်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် ခြေစမ်းပွဲများ ယှဥ်ပြိုင်ကစားလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here