Donetsk ပြည်သူ့သမ္မတနိုင်ငံကို ယူကရိန်းစစ်တပ်က ပစ်ခတ်

0
271

ယူကရိန်း လက်နက်ကိုင်တပ်ဖွဲ့များသည် Donetsk ပြည်သူ့သမ္မတနိုင်ငံ ပြည်သူတို့ အခြေချနေထိုင်ရာနေရာများအား ယမန်နေ့က အကြိမ် ခုနစ်ဆယ်ပစ်ခတ်ခဲ့ပြီး လူသုံးဦး ဒဏ်ရာရခဲ့ကြောင်း ယူကရိန်းစစ်ပွဲနှင့် ပတ်သက်သည့် ပြဿနာများကို ထိန်းချုပ်ရေးနှင့် ညှိနှိုင်းရေးဗဟိုဌာနက Telegram ရုပ်သံလိုင်းတွင် ပြောကြားခဲ့သည်။

“ပြီးခဲ့တဲ့နေ့က ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့တွေက ပစ်ခတ်မှု အကြိမ်ခုနစ်ဆယ်ကို Donetsk ပြည်သူ့သမ္မတနိုင်ငံ Aleksandrovka နဲ့ Makeevka ခရိုင် Chervonogvardeisky ခရိုင်တွေထဲကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အရပ်သား သုံးဦး ဒဏ်ရာရရှိခဲ့ပါတယ်” ပြောကြားထားခြင်းဖြစ်သည်။

ယူကရိန်းစစ်တပ်သည် စုစုပေါင်း ခဲယမ်းမျိုးစုံ ၂၄၄ ခုဖြင့် ပစ်ခတ်ခဲ့ပြီး အရပ်ဖက်ဆိုင်ရာ အခြေခံအဆောက်အအုံလေးခုနှင့် အခြား အဆောက်အအုံ ၁၇ လုံး ပျက်စီးခဲ့ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here