ယခုတစ်ပါတ်အတွက် အစိုးရသတ်မှတ်ပေးသည့် စားအုန်းဆီ ရည်ညွှန်းဈေး (၃၀၀) ကျော်တိုး

0
177

ယခုတစ်ပါတ်အတွက် အစိုးရက သတ်မှတ်ပေးသည့် စားအုန်းဆီရည်ညွှန်းဈေးမှာ ပြီးခဲ့သည့် တစ်ပါတ်ကထက် ၃၀၀ ကျော် မြင့်တက်လာကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားသည့် ဈေးနှုန်းအရ သိရသည်။

ပြည်တွင်း စားအုန်းဆီဈေးနှုန်းကို စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက အပတ်စဉ် သတ်မှတ်ပေးနေခြင်းဖြစ်ပြီး စက်တင်ဘာ (၁၁) ရက်မှ စက်တင်ဘာ (၁၇) ရက်အထိ သတ်မှတ်ပေးထားသည့် ရည်ညွှန်းဈေးမှာ တစ်ပိဿာလျှင် ၄၅၂၄ ကျပ်ဖြစ်သည်။

ပြီးခဲ့သည့် တစ်ပါတ်က ယင်းကော်မတီက သတ်မှတ်ပေးသည့် စားအုန်းဆီရည်ညွှန်းဈေးမှာ တစ်ပိဿာ ၄၁၆၀ ကျပ်ဖြစ်သည့်အတွက် ယခုတစ်ပါတ်တွင် ၃၆၄ ကျပ်မြင့်တက်လာခြင်းဖြစ်သည်။

ပြည်တွင်းဈေးကွက်ထဲ၌ စားအုန်းဆီကို ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးထားသည်။

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီကုန်သည်များအသင်း – MEODA က ကုန်သည်များနှင့် အရောင်းဆိုင်များကို လက်ကားဈေးပေါ်တွင် အသားတင်အမြတ် ၂ ရာခိုင်နှုန်း၊ အဆင့်ဆင့် လက်လွှဲရောင်းချသည်အထိတိုင်အောင်အသားတင်အမြတ် (၁၀) ရာခိုင်နှုန်းထက် ကျော်လွန် ရောင်းချခြင်းမပြုလုပ်ရန် အသိပေးထားပြီး စားသုံးဆီဈေးနှုန်း တည်ငြိမ်စေရေးလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းကာ ဆီကုန်သည်အချို့နှင့် ဆီလုပ်ငန်းရှင်များကို ခေါ်ယူ​မေးမြန်းခြင်းများ လုပ်ဆောင်လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here