ရန်ကုန် – မန္တလေးအမြန်လမ်းမကြီးတွင် HIJET ယာဉ် အရှိန်းမထိန်းနိုင်ဘဲ တိမ်းမှောက်ကာ အမျိုးသမီး (၁) ဦး သေဆုံး

0
362

ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၁၇/၀ နှင့် ၂၁၈/၁) ဖာလုံကြားတွင် မန္တလေးဘက်မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာသည့် HIJET ယာဉ်မှာ အရှိန်းမထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း ပန်းတင်အမြန်လမ်း မီးသတ်စခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့ စက်တင်ဘာ (၁၁)ရက် နံနက် (၈)နာရီ၊ မိနစ် (၄၀)အချိန်၊ မန္တလေးဘက်မှ နေပြည်တော်ဘက်သို့၊ မောင်းနှင်လာသည့် HIJET အမျိုးစား (အဖြူရောင်) ယာဉ်မှာ မိုင်တိုင်အမှတ် (၂၁၇/၀ နှင့် ၂၁၈/၁) ဖာလုံကြား အရောက် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ကာ လမ်းလယ်ကျွန်းပေါ်သို့ ရောက်ရှိကာ ရပ်တန့်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်မ‌တော်တဆမှုဖြစ်ပွားကြောင်း သတင်းအရ ပန်းတင်အမြန်လမ်း မီးသတ်စခန်းမှ တပ်ဖွဲ့ဝင် (၆) ဦး၊ ပန်းတင်အမြန်လမ်းရဲစခန်းမှ စခန်းမှူး အပါတပ်ဖွဲ့ဝင် (၁၀) ဦးနှင့်အတူ၊ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီကယ်ဆယ်ပေးခဲ့ကြောင်း သိရသည်။

“မန္တလေးဘက်ကနေ နေပြည်တော်ဘက် မောင်းလာတဲ့ HIJET အရှိန်းမထိန်းနိုင်ဘဲ မှောက်တာ ပြီးတော့ လမ်းလယ်ကျွန်းပေါ်ရောက်ပြီး ရပ်သွားခဲ့တယ်။မ(၁)ဦးတော့သေဆုံးပြီး ကျန်တဲ့သူတွေ ထိခိုက်ဒဏ်ရာရလို့ နေပြည်တော် ကုတင် (၁၀၀၀) ဆေးရုံကြီးကို ပို့ဆောင်ကူညီပေးခဲ့ရတယ်။”ဟု သွားရောက်ကူညီခဲ့သည့် ပန်းတင်အမြန်လမ်းမီးသတ်စခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ ယာဉ်တိမ်း‌မှောက်မှုကြောင့် ယာဉ်‌ပေါ်အပါ ကျား (၄)ဦး၊ မ(၄)ဦး၊ (၈)ဦးအနက်၊ မ(၁)ဦး၊ သေဆုံးပြီး၊ ကျား (၃)ဦး၊ မ(၃)ဦးတို့ ထိခိုက်ဒဏ်ရာများရရှိသဖြင့်၊ နေပြည်တော်ကုတင် (၁၀၀၀) ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရကြောင်း ပန်းတင်အမြန်လမ်းမီးသတ်စခန်းမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here