ဖားကန့်မြို့နယ် ဘဇံချောက် ကျေးရွာအနီးတွင် ဓားခုတ်ဒဏ်ရာ အများအပြားဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်းတွေ့

0
194

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဘဇံချောက်ကျေးရွာအနီးလမ်းဘေးတွင် ဓားဖြင့်ခုတ်ခံထားရသည့် ဒဏ်ရာအများအပြားဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းအား ယနေ့ စက်တင်ဘာ (၁၁) ရက် နံနက်ပိုင်းက တွေ့ရှိခဲ့ရကြောင်း သိရသည်။

ယနေ့ နံနက် (၆) နာရီကျော်ခန့်က ဖားကန့်မြို့နယ်၊ ဘဇံချောက်ကျေးရွာအနီးလမ်းဘေးတွင် ဓားဒဏ်ရာများဖြင့်သေဆုံးနေသည့် အမျိုးသားတသ်ဦး၏ရုပ်အလောင်းတွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

အခင်းဖြစ်နေရာ၌ အသက်(၃၀)နှစ်ခန့်ရှိ အမည်/နေရပ်လိပ်စာ(စုံစမ်းဆဲ)အမျိုးသားသည် ဝမ်းဗိုက်ပြတ်ရှ၊ညာဘက်လက်၏ လက်ချောင်းလှီး ဖြတ်ခံထားရ၊ ဘယ်ဘက်လက်ကောက်ဝတ်ပြတ်ရှ၊ ပေါင်နှစ်ဖက်ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရသည်။

ထို့ကြောင့် ရုပ်အလောင်းအား ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြပြီးနောက် လုံခြုံရေးအဖွဲ့ဝင်များက သေဆုံးသူ၏ အမည်/နေရပ်လိပ်စာ/ဖြစ်စဥ်ဖြစ်ပွားရသည့်အကြောင်းရင်းနှင့်ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးတို့အတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here