ထိုင်းရောက် မြန်မာအမျိုးသမီးတစ်ဦးအား ထိုင်းအမျိုးသား (၂) ဦးက ရိုက်နှက်ကာ ဖုန်းနှင့် ပိုက်ဆံများ လုယက် ၊ ဝင်ရောက်ကူညီသူ၏ တန်ဖိုးမြင့်ဖုန်းကိုပါ လုပြေး

0
192

ထိုင်းနိုင်ငံ မဟာချိုင် Big C အနီးရှိ ဈေးရောင်းပွဲတော်သို့ အလည်သွားရောက်ကာ ပြန်လာသည့် မြန်မာ အမျိုးသမီး (၁)ဦးကို ထိုင်းအမျိုးသား(၂) ဦးက ရိုက်နှက်ကာ ဖုန်းနှင့် ပိုက်ဆံများ လုယက်သွားကြောင်း ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားများကို အကူအညီပေးနေသည့် AAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။

လုယက်ခံရသူမှာ ထိုင်းနိုင်ငံ မဟာချိုင် Big C အနီး နှစ်စဉ်ဈေးရောင်းပွဲတော်ပွဲသို့ အလည်သွားပြီးအပြန် လူရှင်းသည့်နေရာသို့ အရောက် ထိုင်းအမျိုးသား (၂)ဦးက ၎င်းတွင်ပါသည့် ခရီးဆောင်ဘေးလွယ်အိတ်ကို တောင်းရာမှ လွယ်ကူစွာ မပေးသဖြင့် အသင့်ပါလာသော ဓါးဖြင့် ခြိမ်းခြောက်လုယက်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

ထိုသို့ လုယူခံရစဉ် မြန်မာလူငယ် (၁)ဦးက ဝင်ရောက် ကူညီပေးခဲ့ရာ အဆိုပါ ကူညီပေးသည့် မြန်မာလူငယ်အား ထိုင်းအမျိုးသား (၂)ဦးက ခြေနှင့် ကန်ကြောက်ပြီး ၎င်း ကိုင်ဆောင်လာသည့် တန်ဖိုးမြင့် ဖုန်း (၁) လုံးကိုပါ လုယူသွားခဲ့ကြောင်း သိရသည်။

ထို့အပြင် မိန်းကလေးကို ဓါးဖြင့် အချက်ပေါင်းများစွာ ခုတ်ကာ ခရီးဆောင်အိတ်ကို လုယက်သွားခဲ့ပြီး လုယူခံရသည့် ခရီးဆောင်အိတ်အတွင်း ဖုန်းနှစ်လုံးနှင့် သူမ၏ နေထိုင်ခွင့် စာရွက်စာတမ်း မြန်မာမှတ်ပုံတင်နှင့် ငွေသားအနည်းငယ်ပါသွားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ် ဖြစ်ပွားရာ နေရာသို့ အရေးပေါ် လူနာတင်ကားများနှင့် နယ်မြေခံ ရဲများ အချိန်နှင့် တစ်ပြေးညီ ရောက်ရှိကာ လူနာကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့်လည်း ပွဲတော်များသို့ သွားရောက်လည်ပတ်သည့်အခါတွင် အရေးကြီးစာရွက်နှင့် တန်ဖိုးကြီး ရတနာပစ္စည်းများ ဝတ်ဆင်ခြင်း၊ ငွေသားအများပြားနှင့် ATM ကဒ်တို့ ယူ ဆောင်မသွားကြရန် AAC မဟာမိတ်အဖွဲ့ တာဝန်ရှိသူတို့က တိုက်တွန်းပြောဆိုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here