လုပ်ငန်းခွင်တွင် ခေါင်မိုးပေါ်မှ ပြုတ်ကျသည့် မြန်မာလုပ်သားကို လမ်းဘေး ချောင်းရေထဲ ပစ်ခဲ့သည့် ထိုင်းလင်မယားကို အမှုဖွင့်

0
266

ထိုင်းနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ခေါင်မိုးပေါ်မှ ပြုတ်ကျသည့် မြန်မာလုပ်သားကို ဆေးရုံသို့ မပို့ဘဲ လမ်းဘေးချောင်းရေထဲသို့ ပစ်ထားခဲ့သည့် ထိုင်းနိုင်ငံသား လင်မယား (၂) ဦးကို စက်တင်ဘာ (၁၀)ရက်က အမှုဖွင့် တိုင်ကြားလိုက်ကြောင်း AAC – မဟာမိတ်အဖွဲ့မှ သိရသည်။

ယမန်နေ့ စက်တင်ဘာ (၁၀) ရက်က ထိုင်းနိုင်ငံ ၊ တာခ်ခရိုင် ၊ ကံဖယ်ဖစ်မြို့နယ်အတွင်းရှိ လမ်းဘေးချောင်းတစ်ခုအတွင်း၌ အသက် (၃၀) အရွယ် မြန်မာလုပ်သားတစ်ဦး သေဆုံးနေသည်ကို စတင်တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး ဖြစ် စဉ်အား စုံစမ်းကြည့်ရာ လုပ်ငန်းခွင်အတွင်း မတော်တဆဖြစ်ရာမှ စွန့်ပစ်ခံထားရခြင်းဖြစ်ကြောင်း သိရသည့်အတွက်နယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ကြော င်း သိရသည်။

ထိုင်းနိုင်ငံသား ပန်းရံလုပ်သားခေါင်းဆောင် လင်မယား (၂) ဦး၏ လက်အောင်တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သား (၁၀) ဦးအနက်မှ မြန်မာလုပ်သား (၁) ဦးမှာ လုပ်ငန်းခွင်အတွင်း အလုပ်လုပ်နေစဉ် ခေါင်မိုးပေါ်မှပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း ထိုင်းရောက်မြန်မာရွှေ့ ပြောင်းလုပ်သားများကို ကူညီပေးနေသည့် AAC – မဟာမိတ်အဖွဲ့မှ သိရသည်။

ယင်းကဲ့သို့ ဆေးရုံသို့ ပို့ဆောင်ခြင်း မပြုဘဲ လမ်းဘေးချောင်းအတွင်း ပစ်ထားခဲ့သည့်အတွက် ခေါင်မိုးပေါ်မှပြုတ်ကျခဲ့သည့် မြန်မာနိုင်ငံသားအလုပ်သမားမှာ သေဆုံးသွားခဲ့ရကြောင်းလည်း အဆိုပါ အဖွဲ့ထံမှ သိရသည်။

“လူမဆန်တဲ့ ထိုင်းစုံတွဲကို အမိဖမ်းနိုင်ဖို့ AAC – မဟာမိတ် အဖွဲ့သားများက နယ်မြခံ ရဲများထံမှာ အမှုဖွင့် တိုင်ကြားနေပါတယ်။ ဆေးရုံပို့ပေးခဲ့ရင် ဘာဖြစ်သွားမှာမို့လို့လဲအခုတော့ လူ့အသက်တစ်ချောင်းက မသေသင့်ဘဲ သေဆုံးခဲ့ရတယ်။ လူမဆန်စွာလုပ်ခဲ့တဲ့ အဲဒီ ထိုင်းနိုင်ငံသား လင်မယားကို စုံစမ်း ဖမ်းဆီးပြီးတော့ ပြင်းပြင်းထန်ထန် အရေးယူဖို့ လုပ်ဆောင်နေပါတယ်”ဟု AAC-မဟာမိတ်အဖွဲ့မှ ဒါရိုက်တာ ဦးခိုင်ကြီးက ပြောသည်။

မြန်မာလုပ်သားမှာ ခေါင်မိုးပေါ်က ပြုတ်ကျစဉ် အသက်ရှိသေးသော်လည်း ထိုင်းနိုင်ငံသား လင်မယားမှ ဆေးရုံသို့ မပို့ဆောင်ဘဲ လမ်းဘေးလူရှင်းသည့် ချောင်းရေထဲ ပစ်ချကာ တိမ်းရှောင်နေခဲ့ခြင်းဖြစ်သည်ဟု AAC – မဟာမိတ်အဖွဲ့က ဆိုသည်။

ဓာတ်ပုံ – AAC – မဟာမိတ်အဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here