မြန်မာ့လက်ရွေးစင်အသင်းက နီပေါကို နောက်ကျဂိုးဖြင့် အနိုင်ရရှိ

0
320

မြန်မာ့လက်ရွေးစင်အသင်းနှင့် နီပေါလက်ရွေးစင်အသင်းတို့ ဖီဖာနိုင်ငံ တကာခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက နောက်ကျဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ယနေ့ စက်တင်ဘာ ၁၁ ရက် ညနေ ၅ နာရီက သု၀ဏ္ဏအားကစားတွင် ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်ပြီး ပွဲကစားချိန် ၈၆ မိနစ်မှသာ မြန်မာတိုက်စစ်မှုး၀င်းနိုင်ထွန်းက တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ၁ ဂိုး ဂိုးမရှိ ရလဒ်ဖြင့် ပွဲပြီးဆုံးသွားခဲ့သည်။

ယနေ့ပွဲစဉ်တွင်လည်း မြန်မာကစား သမားများ၏ ခြေစွမ်းမှာ ပုံမှန်အောက်တွင် ရှိနေခဲ့ပြီး နီပေါအသင်းမှာအကောင်းဆုံး ဖိအားပေးကစားနိုင်ခဲ့ကာ မြန်မာအသင်း ဂိုးသမားကျော်ဇင်ဖြိုး၏ အကောင်းဆုံးကာကွယ်မှုများကြောင့်သာ ပေးဂိုးမရှိခဲ့ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းနှင့် နီပေါလက်ရွေးစင် အသင်းတို့သည် FIFA International “A” Friendly Matches ပထမပွဲစဉ်အဖြစ် ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်က ယှဉ်ပြိုင်ကစားခဲ့ရာ ဂိုးမရှိ သရေရလ‌ဒ်ထွက်ပေါ်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here