အမြန်လမ်းတွင် စက်ပျက်၍ ရပ်ထားသည့် Hijet ကားအား Surf ကားမှ အရှိန်မထိန်းနိုင်ဘဲ နောက်မှဝင်တိုက်မှု‌ကြောင့် (၁) ဦးသေဆုံး (၁) ဦးဒဏ်ရာရ

0
282

ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး၏ ဘောနီအမြန်လမ်းမီးသတ်စခန်းအပိုင်တွင် ယနေ့စက်တင်ဘာ (၁၁) ရက် ညနေပိုင်းက စက်ပျက်၍ ရပ်ထားသည့် Hijet ကားအား Hilux Surf ကားမှ ဝင်တိုက်မိခဲ့ကြောင်း သိရသည်။

ယနေ့ ညနေ (၄) နာရီ (၁၀) မိနစ်ခန့်က အမြန်လမ်းမကြီး ၏ ဘောနီအမြန်လမ်းမီးသတ်စခန်းအပိုင် မိုင်တိုင်အမှတ် ၅၇/၅ နှင့် ၅၇/၆ ကြားတွင် စက်ပျက်၍ လမ်းဘေးတွင်ရပ်ပြီး ပြင်နေသည့် Hijet ကားအား Hilux Surf ကားမှ အရှိန်မထိန်းနိုင်ဘဲ နောက်မှဝင်တိုက်မိခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ဝင်တိုက်မိခဲ့သည့်အတွက် Hijet ကားမောင်းသူမှာ ထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ကားပြင်နေသည့် အမျိုးသား (၁) ဦးတွင်လည်း ထိခိုက်ဒဏ်ရာများ(စိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဥ်အား ဘောနီအမြန်လမ်းမီးသတ်စခန်းနှင့်ဘောနီအမြန်လမ်းရဲစခန်းတို့မှ တပ်ဖွဲ့ဝင်များ ကူညီကယ်ဆယ်ခဲ့ကြပြီး သေဆုံးသူ၏ ရုပ်အလောင်းနှင့် ထိခိုက်ဒဏ်ရာရရှိသူတို့အား ပဲခူးမြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here