Matrade မှ ၁၉ကြိမ်မြောက် MIHAS Malaysia ပွဲသို့ မြန်မာပြည်တွင်းရှိ ကုမ္ပဏီငါးခု ဖိတ်ကြားခံရသည်။
အဆိုပါ ဖိတ်ကြားခံရသော ကုမ္ပဏီများမှာ Asia Winner Industrial Ltd၊ May Yu Trading Co., Ltd ၊ Pahtama Group Co., Ltd၊ Asia Golden Lion Co., Ltd နှင့် Super One International Co., Ltd တို့ဖြစ်သည်။
” ၁၉ကြိမ်မြောက်ပါ။ ကမ္ဘာအနှံ့က ရောင်းသူ/ဝယ်သူ ကုန်သည်ကြီးတွေ လာကြတယ်။ တစ်ဦးချင်းစီးပွားရေးချိတ်ဆက်မူ တွေလုပ်ပေးတယ်။ အကျိုးကျေးဇူးကတော့ ဆန်းသစ်သောထုတ်ကုန်တီထွင်ခြင်းက တစ်နှစ်ထက်တစ်နှစ်တိုးတက်လာတာသိရတယ်။ပို့ကုန်အဖြစ်ထုတ်ကုန်မြှင့်တင်လို့ရသွားမယ်။သွင်းကုန်ကတော့ကန့်သတ်ချက်များနေသေးတော့ အဲ့ဒီထုတ်ကုန်တွေတော့ သွင်းဖို့တော့ခက်မယ်။ မြန်မာပြည်မှာထုတ်လုပ်ဖို့အတွက် ဖက်စပ်ပုံစံအခွင့်အလမ်းရှိလာနိုင်ပါတယ်”ဟု ဖိတ်ကြားခံရသည့်ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးကပေါ်ပြူလာနယူးစ်သို့ပြောပြသည်။
ယင်း ၁၉ကြိမ်မြောက် MIHAS မလေးရှားစားသောက်ကုန်၊ အလှကုန်၊ ထုပ်ပိုးမူပစ္စည်းများ၊ကုန်ကြမ်းထုတ်ကုန်ပစ္စည်းများ အစရှိသည့် ပစ္စည်းများနှင့်ပတ်သက်ပြီး ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။