မြို့သစ်မြို့နယ်တွင် အဝေးပြေးခရီးသည်တင်ကားနှင့်ဆိုင်ကယ်တိုက်ရာ ဆိုင်ကယ်မောင်းသူသေဆုံး ခရီးသည်တင်ကားလမ်းဘေးထဲထိုးကျ

0
125

မကွေးတိုင်း၊မြို့သစ်မြို့နယ်တွင် စက်တင်ဘာ ၁၁ ရက်ညပိုင်း ယမန်နေ့ည ၇ နာရီကျော်ခန့်က မကွေး-ကန်ပြား-နေပြည်တော်သွားကားလမ်း၏ ပေကံကုန်းကျေးရွာနှင့်တပ်ကုန်းကျေးရွာကြား၌ Elite အဝေးပြေးခရီးသည်တင်ကားနှင့်ဆိုင်ကယ်တို့တိုက်မိခဲ့ကြောင်း မနောဖြူလူမှုကူညီရေးအသင်းမှ သိရသည်။

“ဆိုင်ကယ်မောင်းလာတဲ့အမျိုးသားက ထိခိုက်ဒဏ်ရာတွေရပြီး အခင်း ဖြစ်နေရာမှာပဲသေဆုံးသွားပါတယ် ခရီးသည်တင်ကားကလည်း တိုက်မိတော့ဘေးကိုဆွဲချလိုက်တာမှာ လမ်းဘေးချောက်ထဲကိုကျသွားတယ် ကားပေါ်ကခရီးသည်တွေထိခိုက်မှုမရှိခဲ့ပါဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှ သေဆုံးသူ၏ရုပ်အလောင်းအား မနောဖြူလူမှုကူညီရေးအသင်းမှ မြို့သစ်မြို့ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here