ဖောင်းပြင်မြို့အားဗဟိုပြု၍ အင်အားအသင့်အတင့်ရှိ ငလျင်လှုပ်ခတ်ခဲ့

0
180

ဖောင်းပြင်မြို့အားဗဟိုပြု၍ စက်တင်ဘာ ၁၁ ရက်ညပိုင်းက အင်အားအသင့်အတင့်ရှိ ငလျင် လှုပ်ခတ်ခဲ့ကြောင်း မိုးဇလ၏ထုတ်ပြန်ချက်အရ သိရသည်။

ယင်းနေ့ည ၁၂ နာရီ ၁ မိနစ် ၅၈ စက္ကန့်က ဖောင်းပြင်မြို့၏ မြောက်-အနောက်မြောက်ဘက်(၁၆) မိုင်ခန့်အကွာ မြောက်လတ္တီတွဒ်(၂၄ ဒသမ ၄၉)ဒီ ဂရီ၊အရှေ့လောင်ဂျီတွဒ်(၉၄ ဒသမ ၇၈)ဒီဂရီ၊အနက်(၅၈)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ် (ခ်)တာစကေး(၅ ဒသမ ၅)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော ငလျင်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ငလျင်လှုပ်ခတ်မှုအား တမူးမြေငလျင်စခန်းမှ တိုင်းထွာရရှိခဲ့ခြင်းဖြစ်ကြောင်း မိုးဇလ၏ထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here