အုပ်စုဖွဲ့ဝင်ခိုးသည့် သူခိုးအဖွဲ့အား ဝိုင်းဝန်းဖမ်းဆီးသူတစ်ဦး ကတ်ကြေးဖြင့် ထိုးခံရမှု ပြည်မြို့တွင်ဖြစ်ပွား ၊ သူခိုးတစ်ဦး ဖမ်းမိ

0
310

ပဲခူးတိုင်း၊ ပြည်မြို့၊ ပြည်ရတနာလမ်းရှိ နေအိမ်တစ်အိမ်အား ယနေ့ စက်တင်ဘာ (၁၂) ရက် နံနက်ပိုင်းက အုပ်စုဖွဲ့ဝင်ခိုးသည့် သူခိုး (၅) ဦးကို ဝိုင်းဝန်းဖမ်းဆီးခဲ့သူ တစ်ဦး ကတ်ကြေးဖြင့် ထိုးခံခဲ့ရကာ သူခိုးတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)မှ သိရသည်။

ယနေ့ နံနက် (၃) နာရီခွဲခန့်က အမျိုးသား (၅) ဦးသည် ပြည်မြို့၊ ကိုးသိန်းဘုန်းကြီးကျောင်းအနီးရှိ နေအိမ်တစ်အိမ်အား အဖွဲ့လိုက်ဝင်ခိုးစဥ် ရပ်ကွက်နေသူများက သိရှိခဲ့သဖြင့် ဝိုင်းဝန်းဖမ်းဆီးရာ ပြန်လည်ခုခံခဲ့သဖြင့် လိုက်လံဖမ်းဆီးသူတစ်ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“အိမ်ထဲက ဆိုင်ကယ် (၁) စီး လက်စွပ် (၁) ကွင်းနဲ့ နာရီ (၁) လုံးကို အဖွဲ့လိုက် ဝင်ခိုးတာ။ ဝိုင်းဖမ်းတော့ ပါလာတဲ့ကတ်ကြေးနဲ့ ပြန်ထိုးတဲ့အတွက် ရပ်ကွက်ထဲက လူတစ်ယောက် နားထင်ပေါက်သွားတယ်။ သူခိုးတစ်ယောက်ကိုလည်း ခေါင်းကွဲ၊ ဘယ်ဒူးပြဲလန်ဒဏ်ရာတွေနဲ့ ဖမ်းမိခဲ့ပါတယ်။ ကျန်တဲ့ (၄) ယောက်ကတော့ လွတ်သွားတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရရှိသူ (၂) ဦးအား မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)မှ မြေပြင်ကုသမှုများပြု လုပ်ပေးပြီးနောက် ပြည်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)


LEAVE A REPLY

Please enter your comment!
Please enter your name here