ဗန်းမော်မြို့ အထင်ကရ မေတ္တာမွန်ရေကန် အဆင့်မြှင့်တင်နေမှုအပါဝင် အစိုးရခွင့်ပြုရန်ပုံ​ငွေဖြင့်လုပ်​နေ​သော လုပ်ငန်းများ

0
310

ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ဗန်းမော်မြို့လယ်ရှိမေတ္တာမွန်ရေကန် (ဂေါ်ရာကန်)ကို ပြည်နယ်အစိုးရ အဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် (၅၀) သန်းဖြင့် တည်ဆောက်လျက်ရှိရာ ပြီးစီးမှု အခြေနေကို ကချင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

စက်တင်ဘာ (၁၁) ရက်က ပြည်နယ်ဝန်ကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။

မေတ္တာရေကန်အဆင့်မြှင့်တင်နိုင်ရေး ရေကန်အဝင်အလှပန်းပင်များ စိုက်ပျိုးခြင်း ၊ ကားပါကင်‌နေရာ၊ ရေကန်အတွင်း သုံးဆင့်ရေပန်းနှင့် မီးအလှတပ်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ မေတ္တာမွန်ရေကန်ဆိုင်းဘုတ် မီးအလှဆင်နိုင်ရေးနှင့် ဆိုင်းဘုတ်အောက်ခံခုံနှင့် လျှောက်လမ်းပြုလုပ်ပြီးစီးမှုတို့ကို ကြည့်ရှုခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေကျပ် ၆၁.၇၅၉ သန်းဖြင့် အရှည် ၅၇၈ ပေရှိ ကျောက်စီရေထိန်းနံရံတည်ဆောက်သွားမည့် အစီအစဉ်နှင့် ကန်ပတ်လမ်းသစ် ဖောက်လုပ်နေမှု၊ မြေယာရှုခင်းပြုပြင်ပြီး အလှပန်းဥယျာဉ်ငယ်များ အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက် ဗန်းမော်မြို ပင်စင်ကုန်းရပ်ကွက်အတွင်း ပြည်နယ်စိုးရအဖွဲ့ ရန်ပုံငွေကျပ် ၁၆၃.၅ သန်းဖြင့် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူတည်ဆောက်ပြီးစီးသည့် အရှည် ၁၇၀၀ ပေရှိ ပင်စင်ကုန်းတံတားအား သွား​ရောက်ကြည့်ရှုခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here