အနောက်မဟာမိတ်များ၏ နှောင့်နှေးမှုကြောင့် ရုရှားကို တန်ပြန်ထိုးစစ်ဆင်ရန် ‘အကြာကြီးစောင့်ခဲ့ရတယ်’ဟု ဇလန်းစကီးပြောကြား

0
178

ယူကရိန်းနိုင်ငံသည် မိမိတို့၏ အနောက်မဟာမိတ်များထံမှ လက်နက်များ ပေးပို့ရန် နှောင့်နှေးခြင်းကြောင့် ရုရှားအား တန်ပြန်ထိုးစစ်ဆင်ရန် အချိန်ကြာမြင့်စွာ စောင့်ခဲ့ရကြောင်း ယူကရိန်းသမ္မတ ဇလန်းစကီးကပြောကြားလိုက်သည်။

CNN မှ ဖာရိဒ် ဇာကရီယာ(Fareed Zakaria) က အချိန်အတော်ကြာ စောင့်မျှော်နေသော တန်ပြန်ထိုးစစ်ကို မည်သို့လုပ်ဆောင်နေသနည်းဟု မေးမြန်းသောအခါ ဇလန်းစကီးက ရုရှားထံမှ ၎င်းတို့၏ နယ်မြေကို ပြန်လည်ရယူမည့် နောက်ဆုံးရလဒ်အပေါ် နိုင်ငံသည် အာရုံစိုက်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းတို့သည် အနောက်နိုင်ငံများထံမှ လက်နက်များကို စောင့်ဆိုင်းနေရသောကြောင့် ရုရှားသည်စစ်မြေပြင်တွင် မိုင်းများမြှုပ်ကာ ကာကွယ်ရေးတူးမြောင်းများ တူးရန် အချိန်ရသွားသည်ဟုလည်း ဇလန်းစကီးက ပြောသည်။

“ကျွန်တောင်တို့ စောင့်ရတာ ကြာပြီ။ အဲဒါအမှန်ပါပဲ။ ဒါပေမယ့် မိတ်ဖက်နိုင်ငံတွေ၊ အမေရိကန်၊ အီးယူနဲ့ အခြားလုပ်ဖော်ကိုင်ဖက်တွေကို ကျေးဇူးတင်ပါသည်” ဟု သူက ပြောကြားခဲ့သည်။ “သမ္မတဘိုင်ဒင်နဲ့ အမေရိကန် ကွန်ဂရက်လွှတ်တော်ကို ကျွန်တော် အရမ်းကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ နားလည်ရမှာက ကျွန်တော်တို့က အရမ်းကြာအောင် စောင့်ခဲ့ကြရတယ်၊ သူတို့က မိုင်းတွေမြှုပ်နိုင်ခဲ့တယ်”

မဟာမိတ်များထံမှ လက်နက်များပေးမည်ဟု ကြေညာပြီးသည်နှင့် ယူကရိန်းသည် ၎င်းအတွက် ကတိပြုထားသော လက်နက်များကို မည်သည့်အခါကမျှ ချက်ချင်းရရှိခဲ့ခြင်းမဟုတ်ကြောင်း ဇလန်းစကီးက မှတ်ချက်ပြုခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here