လူမှုဖူလုံရေး အာမခံ လုပ်သား (၆) သိန်းကျော်ကို ကျန်းမာရေးစောင့်ရှောက်မှု ပေးထားဟုဆို

0
302

လူမှုဖူလုံရေးအဖွဲ့နှင့် သဘောတူစာချုပ်ချုပ်ဆိုထားသောပုဂ္ဂလိကဆေးရုံ ဆေးခန်းများရှိ

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ အကျုံးဝင်အာမခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ဆေးရုံဆေးခန်း (၈၀) ခုမှ လူနာပေါင်း (၆) သိန်းကျော်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးထားနိုင်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် အကျုံးဝင် အာမခံအလုပ်သမား (၈၉၀၀၀၀) ကျော်ရှိပြီး အဆိုပါ အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ရန်ကုန်အလုပ်သမား ဆေးရုံကြီး၊ ထန်းတပင်အလုပ်သမားဆေးရုံ၊ မြို့နယ်လူမှုဖူလုံရေး ဆေးခန်း (၂၂) ခန်း၊ ဌာနကြီးဆေးခန်း (၁၈) ခန်း၊ တိုင်းရင်းဆေးခန်းတစ်ခန်း၊ စာချုပ်ဆေးခန်း (၃၀) ၊ မီးဖွားခြင်း ဆိုင်ရာ ဝန်ဆောင်မှုဆောင်ရွက်သည့် ဆေးခန်း (၁၀) ခန်း ဖွင့်လှစ်ကာကျန်းမာရေးစောင့်ရှောက်မှု ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် ဇူလိုင်လ အထိ အာမခံအလုပ်သမား လူနာပေါင်း (၆) သိန်းကျော်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ကာ လူမှုဖူလုံရေး အဖွဲ့အနေဖြင့် အကျုံးဝင်အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုထိရောက်လွယ်ကူစေရန်အတွက် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့်ပါ စာချုပ်ချုပ်ဆိုပြီး ယခုအခါ Fee For Service Payment ဆေးခန်း (၂၀) ၊ Capitation Payment ဆေးခန်း (၂၆) ခန်းနှင့် မီးဖွားမှု ဝန်ဆောင်မှုဆေးခန်း (၁၂) ခန်းဖြင့် ကျန်းမာရေးဝန်ဆောင်မှုကို တိုးချဲ့ဆောင်ရွက်ပေးနေကြောင်းလည်း သိရသည်။

ထို့အပြင် လူမှုဖူလုံရေးအဖွဲ့နှင့် သဘောတူစာချုပ်ချုပ်ဆိုထားသောဆေးရုံ ၊ ဆေးခန်းများသည် ပိတ်ရက်မရှိ နေ့စဉ်ဖွင့်လှစ်ကုသပေးနေပြီး အာမခံလုပ်သားများအနေဖြင့် ဆေးကုသခွင့် (၂၆) ပတ်အထိ ကုသမှုခံယူခွင့်ရှိကြောင်းသိရသည်။

“တချို့ ကုမ္မဏီ​တွေ​ကော ဝန်ထမ်း​တွေ​ကောက လမဖ ​ကြေးထည့်ဝင်ကြ​ပေမယ့် လိုအပ်ချိန် claim လုပ်ဖို့ သတိမရတာ၊ အလုပ်ရှုပ်မယ်ထင်တာ​တွေရှိပါတယ်၊လမဖ ရဲ့ ဝန်​ဆောင်မူ​ကောင်း​တွေ ပိုသိ​အောင် လုပ်​ပေးနိုင်ရင်တော့ လုပ်သား​တွေက ပိုအားကိုးလာမှာပါ”ဟု အလုပ်သမား​ရေးရာ ​ဆောင်ရွက်​နေသူတစ်ဦးကဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here