(၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားသမား (၁၀၀) ကျော်ပါဝင်ယှဉ်ပြိုင်မည်

0
238

မြန်မာမှ (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် အားကစားသမား(၁၀၀)ကျော် ကို စေလွှတ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ထုတ်ပြန်ထားသည်။

အဆိုပါ အားကစားပြိုင်ပွဲကို စက်တင်ဘာလ (၂၃)ရက်မှ အောက်တိုဘာလ (၈) ရက်အထိ တရုတ်နိုင်ငံ ဟန်ကျိုးမြို့တွင် ကျင်းပမည်ဖြစ်သည်။

မြန်မာကိုယ်စားလှယ် အဖွဲ့သည် ဘောလုံး၊ ဝူရှူး၊ လှေလှော်၊ တိုက်ကွမ်ဒို၊ Esports ၊ မြားပစ်နှင့် ပိုက်ကျော်ခြင်း စသည့် အားကစားနည်း (၇) မျိုးတွင် ပါဝင်ယှဉ်ပြိုင်ရန် အားကစားသမား (၁၀၀) ကျော်ကို စေလွှတ်မည်ဖြစ်ပြီး လက်ရှိတွင် မြန်မာအားကစားသမားများသည် အာရှအားကစားပြိုင်ပွဲတွင် ရလဒ်ကောင်းများရရှိရန် ပြင်ဆင်နေကြောင်းလည်း သိရသည်။

(၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် ကျင်းပရမည်ဖြစ်သော်လည်း ကိုဗစ် – ၁၉ ကပ်ရောဂါကြောင့် ယခုနှစ်ကို ရွှေ့ဆိုင်းထားခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ဝင်ရောက်ယှဥ်ပြိုင်မည့် အားကစား (၇)မျိုး အနက် ဝူရှူး၊ ပိုက်ကျော်ခြင်းနှင့် ရိုးရှာလှေ အားကစားနည်းတို့သည် မေလတွင်ကျင်းပခဲ့သည့် (၃၂) ကြိမ်မြောက် ကမ္ဘောဒီးယား ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုများရရှိထားခြင်း ဖြစ်သည်။

မြန်မာအားကစားအဖွဲ့သည် ၂၀၁၈ ခုနှစ် အင်ဒိုးနီးရှားနိုင်ငံတွင် ကျင်းပခဲ့သည့် (၁၈) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ၌ ကြေးတံဆိပ်ဆုနှစ်ခုသာရရှိပြီး နိုင်ငံလိုက် အဆင့် (၃၅)ရရှိခဲ့သည်။

Photo-MOI


LEAVE A REPLY

Please enter your comment!
Please enter your name here