ရွှေပြည်သာမြို့နယ်ရှိ သာဓုကန်မှတ်တိုင်တွင် ထိုင်လျက်သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိ

0
185

ရန်ကုန်တိုင်း၊ရွှေပြည်သာမြို့နယ်၊အမှတ်(၄)လမ်းမကြီးပေါ်ရှိ သာဓုကန်မှတ်တိုင်တွင် ထိုင်လျက်သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ရုပ်အလောင်းအား စက်တင်ဘာ ၁၂ ရက်(ယနေ့)နံနက်ပိုင်းကတွေ့ရှိခဲ့ရကြောင်း အမှတ်(၄)ရပ်ကွက် ရွှေပြည်သာအရန်မီးသတ်စခန်းမှ သိရသည်။

ယနေ့နံနက်ပိုင်းက သာဓုကန်မှတ်တိုင်တွင် အသက် (၅၀)နှစ်ခန့်ရှိ အမျိုးသားတစ်ဦးသည် ပြင်ပဒဏ် ရာမရှိဘဲ ထိုင်လျက်သေဆုံးနေသဖြင့် လူမှုကူညီရေးအသင်းဝင်များက သွားရောက်သယ်ယူပေးခဲ့ကြသည်။

“ထိုင်ရက်သေဆုံးနေတာပါ ပြင်ပဒဏ်ရာမတွေ့ရဘူး သေဆုံးသူလွယ်ထားတဲ့အိတ်ထဲကိုရှာကြည့်တော့ သူနဲ့ပတ်သက်တဲ့အထောက်အထား ဘာမှမတွေ့ရပါဘူး၊ နာမည်လည်းမသိရဘူး လိပ်စာလည်းမသိဘူး၊ ဒါ့ကြောင့် ပိုင်ရှင်မဲ့လို့ပဲ လတ်တလောသတ်မှတ်ထားတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

သေဆုံးသူ၏ရုပ်အလောင်းအား တာဝန်ရှိသူများ၏စစ်ဆေးမှုပြီးနောက် ရှင်သန်ခြင်းအသင်း၏ နာရေးတင်ကားဖြင့် အင်းစိန်ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here