လစ်ဗျားအရှေ့ပိုင်း မုန်တိုင်းတိုက်၊ လူ ၁၅၀ သေဆုံး

0
290
This handout picture provided by the office of Libya's Benghazi-based interim prime minister on September 11, 2023 shows a view of a collapsed coastal road in the eastern city of Derna, about 290 kilometres east of Benghazi, in the wake of the Mediterranean storm "Daniel". - At least 150 people were killed when freak floods hit eastern Libya, officials said on September 11, after the storm's torrential rains battered Turkey, Bulgaria, and Greece. (Photo by The Press Office of Libyan Prime Minister / AFP)

ဘင်ဂါဇီ၊စက်တင်ဘာ ၁၂

လစ်ဗျားနိုင်ငံအရှေ့ပိုင်းသို့ မုန်တိုင်းဝင်ရောက်တိုက်ခတ်မှုကြောင့် ရေကြီးခြင်းနှင့်မြေပြိုခြင်းများဖြစ်ပေါ်ကာ လူပေါင်း ၁၅၀ ထက်မနည်း သေဆုံးခဲ့ကြောင်း လစ်ဗျားအာဏာပိုင်များကပြောကြားခဲ့သည်။

သဘာဝဘေးဒဏ်သင့် နေရာရှိဒေသခံများရိုက်ကူးထားသည့် ဓာတ်ပုံများတွင် ရွှံ့မြေပြိုကျမှုများ၊ အဆောက်အအုံများပြိုကျမှုများ နှင့် ရပ်ကွက်တစ်ခုလုံး ရွှံ့ရေအောက်တွင်နစ်မြုပ်နေပုံများကိုမြင်တွေ့ရသည်။

ရောက်ရှိရန်ခက်ခဲသည့်ဒေသများတွင် ဒေသခံများ ရာနှင့်ချီကာပိတ်မိနေနိုင်သေးကြောင်းပြောကြားခဲ့ပြီး ကယ်ဆယ်ရေးသမားများအနေဖြင့်လည်း ထောက်ပံ့ရေးပစ္စည်းများကို အမြန်ဆုံးရောက်ရှိနိုင်ရန်ကြိုးပမ်းလျက်ရှိသည်ဟုဆိုသည်။

ထိုသို့ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေစဉ်အတွင်း ကယ်ဆယ်ရေးလုပ်ဆောင်နေသည့် စစ်သားကိုးဦးနှင့်လည်း အဆက်သွယ်ပြတ်တောက်နေကြောင်း လစ်ဗျားအရှေ့ပိုင်းဒေသအာဏာပိုင်များကပြောကြားခဲ့သည်။

လစ်ဗျားသို့ဝင်ရောက်တိုက်ခတ်ခဲ့သော Daniel အမည်ရှိယခုမုန်တိုင်းသည် ဂရိသို့လည်းဝင်ရောက်တိုက်ခတ်ခဲ့သေးကာ လူ ၂၇ ဦးသေဆုံးခဲ့သေးကြောင်းလည်းသိရှိရသည်။

Source : AFP
photo – AFP


LEAVE A REPLY

Please enter your comment!
Please enter your name here