ပြည်တွင်း၌ ရုရှားနိုင်ငံသုံး MIR ငွေပေးချေကဒ် ကို လာမည့် လမှ စတင်၍လက်ခံအသုံးပြုမည်

0
386

ရုရှားနိုင်ငံသုံး MIR Card ကို မြန်မာနိုင်ငံ၏ ငွေပေးချေမှုစနစ်တွင် လာမည့် အောက်တိုဘာလမှစပြီး လက်ခံအသုံးပြုသွားမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော်၏ ပြောကြားချက်အရ သိရသည်။

ရုရှားနိုင်ငံ၊ ဗလာဒီဘော့စတော့ခ်မြို့တွင် ကျင်းပသည့် အရှေ့စီးပွားရေးဖိုရမ်သို့ တက်ရောက်ရန်ရောက်ရှိနေသည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော်က မော်စကို အခြေစိုက် Sputnik သတင်းဌာနကို အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရုရှားငွေပေးချေမှုစနစ် MIR Payment System ကတ်အသုံးပြုရန် ပြည်တွင်းဘဏ် (၆) ခု လက်မှတ်ရေးထိုးထားကြောင်းလည်း ဒေါက်တာကံဇော်က ထည့်သွင်း ပြောကြားသွားသည်။

ထို့ပြင် ရုရှား၏ ရေနံထွက်ကုန်များကို ဝယ်ယူရာတွင် မြန်မာမှ ကျပ် – ရူဘယ်ငွေ တိုက်ရိုက်ပေးချေမည့် သဘောတူညီချက်ကို ကြိုးစားနေကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။

လက်ရှိတွင် တရုတ် ယွမ်ငွေဖြင့် ပေးချေအသုံးပြုနေသည့်အတွက် ကျပ် – ရူဘယ် သဘောတူညီချက်လုပ်ဆောင်ရန် ကြိုးစားနေပြီး အဆိုပါ သဘောတူညီချက်ကို မကြာခင်လက်မှတ်ရေးထိုးတော့မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော်က ပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here