စက်တင်ဘာလအတွင်း EPS စနစ်ဖြင့် ကုန်ထုတ်လုပ်သားသစ်ဦးရေ (၃၉၀) ကျော် စေလွှတ်ထား

0
153

ယခု စက်တင်ဘာလအတွင်း အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီမှတဆင့် EPS စနစ်ဖြင့် ကုန်ထုတ်လုပ်သားသစ်ဦးရေ (၃၉၀) ကျော်အား ကိုရီးယား သမ္မတနိုင်ငံသို့ စေလွှတ်ထားကြောင်း မြန်မာသံရုံး(ဆိုးလ်မြို့)မှ သိရသည်။

EPS စနစ်ဖြင့် လုပ်သားသစ်စေလွှတ်မှု အနေဖြင့် စက်တင်ဘာ (၅) ရက်တွင် ကုန်ထုတ်လုပ်သားသစ် (၁၄၂) ဦး ၊ စက်တင်ဘာ (၆) ရက်တွင် ကုန်ထုတ်လုပ်သားသစ် (၁၀၅) ဦးနှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သားသစ် (၄၀) ဦး၊ ယနေ့ စက်တင်ဘာလ (၁၂) ရက်တွင် ကုန်ထုတ်လုပ်သားသစ် (၁၄၇) ဦးအား အသီးသီးစေလွှတ်ခဲ့ကြောင်း သိရသည်။

ယနေ့ စေလွှတ်ခဲ့သည့် ကုန်ထုတ်လုပ်သားသစ်များသည် ကိုရီးယားသမ္မတနိုင်ငံ၊ အင်ချွန်းအပြည်ပြည်ဆိုင်လေဆိပ်သို့ ရောက်ရှိလာသည့်အတွက် မြန်မာသံရုံး (ဆိုးလ်မြို့)မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့်အချက်များကို မှာကြားခဲ့ပြီး လိုအပ်သည်များကို ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

ကိုရီးယားနိုင်ငံက ၂၀၂၃ ခုနှစ်တွင် ပြည်ပနိုင်ငံများမှ EPS လုပ်သားဦးရေ တစ်သိန်း ခေါ်ယူရန်ဆုံးဖြတ်ထားပြီး ကုန်ထုတ်လုပ်ငန်းများအတွက် အလုပ်သမားဦးရေ ၇၅,၀၀၀၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းအတွက် ၁၄,၀၀၀၊ ရေလုပ်ငန်းအတွက် ၇,၀၀၀၊ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ၃,၀၀၀ နှင့် ဝန်ဆောင်မှုလုပ်ငန်းများအတွက် ၁၀၀၀ ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here