ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား (၂၄၀) ဦးကျော်ပြန်လည်ဝင်ရောက်

0
204

ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုးကြောင့် နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသား (၂၄၂) ဦးသည် စက်တင်ဘာ (၁၁) ရက်က မြန်မာနိုင်ငံအတွင်းသို့ပြန်လည်ဝင်ရောက်လာခဲ့ကြသည်။

ထိုင်းရောက် မြန်မာနိုင်ငံသား အမျိုးသား (၁၇၇) ဦးနှင့်အမျိုးသမီး (၆၅) ဦး ၊ စုစုပေါင်း (၂၄၂) ဦးသည် မြဝတီ – မဲဆောက် အမှတ် (၂) ချစ်ကြည်ရေးတံတားမှတဆင့် ပြန်လည်ဝင်ရောက်လာခဲ့ကြရာ မြဝတီမြို့မှ တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မြန်မာနိုင်ငံသား ဟုတ်/မဟုတ် အချက်အလက်များကောက် ယူစစ်ဆေးခဲ့ကြသည်။

ပြန်လည်ဝင်ရောက်လာသူများအနက် ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် နေထိုင်သူများအား မော်လမြိုင်မြို့ရှိ ဆယ်မြို့နယ် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်း၊ အခြားတိုင်းနှင့် ပြည်နယ်များတွင် နေထိုင်သူများအား မြဝတီမြို့ရှိ ရွှေမြဝတီအသွားအလာကန့်သတ်စောင့်ကြည့်ရေး စခန်းတို့တွင် (၁၀) ရက်ကြာ အသွားအလာ ကန့်သတ်ထားရှိမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ အသွားအလာ ကန့်သတ်စောင့်ကြည့်ပြီး (၁၀) ရက်ပြည့်ပြီးချိန်တွင် ကိုဗစ်(၁၉)ရောဂါပိုး ရှိ/မရှိစစ်ဆေးပြီးမှသာ သက်ဆိုင်ရာမြို့နယ်များသို့ ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here