သပိတ်ပိုက်ပြီး ဆွမ်းခံ၊ ဆွမ်းစားသည့် ပုံ နှင့် ရုပ်သံများ Facebook တွင် ဖြန့်ဝေခဲ့သည့် သီလရှင်အား လူဝတ်လဲပြီး နယ်နှင်ဒဏ်ပေး

0
487

သပိတ်ပိုက် ဆွမ်းခံ၊ ဆွမ်းစားနေပုံများအား လူမှုကွန်ရက်စာမျက်နှာတွင် ဖြန့်ဝေခဲ့သည့် ပြည်မြို့၊ မှုတ်ရှည်ရပ်ကွက်၊ သိမ်တောင်ကျောင်းတိုက်၌ ဝါဆိုစာရင်းသွင်းထားပြီး ဓမ္မထေရီပန်ထွာကျောင်း၌ သီ တင်းသုံးနေသည့် သီလရှင် ဒေါ်ပညာနန္ဒီ အသက်(၅၄)နှစ်အား လူဝတ်လဲပြီး ပဲခူးတိုင်းအနောက်ပိုင်းက အပြီးထွက်ခွာသွားခိုင်းခဲ့ကြောင်း သိရသည်။

သီလရှင် ဒေါ်ပညာနန္ဒီ၊ လူအမည် ဒေါ်မာမာလွင်(ခ)ဒေါ်မေမြတ်နိုး (ဘ)ဦးကျော်မြသည် သီလရှင်ဝါ (၁) နှစ်သာရှိသေးပြီး သီလရှင်ကျင့်ဝတ် စည်းမျဉ်းစည်းကမ်းများအား နားလည်မှု မရှိဘဲ သပိတ်ပိုက်ပြီး ဆွမ်းခံ၊ ဆွမ်းစားသည့် ပုံနှင့် ရုပ်သံများကို Facebook တွင် တင်ခဲ့ခြင်းကြောင့် ဝိနည်းနှင့်မညီဟုဆိုကာ တိုင်း/မြို့နယ် သံဃာ့နာယက ဥက္ကဋ္ဌ၊ ပြည်မြို့ နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ခေါ်ယူတွေ့ဆုံကာ နယ်နှင်ဒဏ်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ပြုလုပ်ခဲ့ခြင်းမှာ ရပ်ကွက်အတွင်း လှည့်လည်ကာ ဆွမ်းခံခြင်းမျိုး မဟုတ်ဘဲ ကျောင်းဝန်းအတွင်းမှာသာ ဓါတ်ပုံရိုက်ပြီး ထေရီပန်ထွာ အကောင့်ဖြင့် Facebook စာမျက်နှာမှာ ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒေါ်ပညာနန္ဒီအား မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်ကြီးများ၊ တိုင်း/မြို့နယ် သီလရှင်အမှုဆောင်အဖွဲ့နှင့် ဌာနဆိုင်ရာများ ရှေ့တွင် နောက်ထပ် ထပ်မံမပြုလုပ်တော့ပါကြောင်းနှင့် ထေရီပန်ထွာ အကောင့်အား ဆက်လက်အသုံးမပြုတော့ဘဲ လူဝတ်လဲကာ ပဲခူးတိုင်းအနောက်ပိုင်းမှ အပြီးအပိုင် ထွက်ခွာသွားမည်ဟု ဝန်ခံကတိပြု လက်မှတ်ရေးထိုးစေခဲ့ကြောင်းလည်း သိရသည်။

၎င်းမှာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်မှနေ၍ ယမန်နှစ်က သီလရှင်လာဝတ်သူဖြစ်‌ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here