ကာတာရောက် မြန်မာအလုပ်သမားများအရေးနှင့် ပတ်သက်၍ မြန်မာသံအမတ်ကြီးနှင့် ကာတာသံအမတ်ကြီးတို့ဆွေးနွေး

0
208

ကာတာနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာအလုပ်သမားများအရေးနှင့် ပတ်သက်၍ ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ယုနှင့် ကာတာသံအမတ်ကြီး His Excellency Bandar bin Mohammed al-Attyah တို့တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြန်မာသံအမတ်ကြီးသည် ကာတာသံအမတ်ကြီးအား စက်တင်ဘာ (၁၁) ရက်မွန်းတည့် (၁၂) နာရီက လက်ခံတွေ့ ဆုံခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံစဥ် မြန်မာနိုင်ငံ၏ လတ်တလောနိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှု၊ မြန်မာနိုင်ငံနှင့် ကာတာနိုင်ငံကြား သံတမန်ဆက်ဆံမှု တိုးမြှင့်ရေးဆိုင်ရာ၊ ASEAN-GCC ဆက်ဆံရေးဆိုင်ရာ၊ နှစ်နိုင်ငံကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့်ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ကာတာနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာအလုပ်သမားများအရေးနှင့် ပတ်သက်၍ နှစ်ဖက်သဘောထားအမြင်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here