မြန်မာယူ ၂၃ အသင်း ကိုရီးယား ယူ ၂၃ အသင်းကို ၃ ဂိုး ဂိုးမရှိဖြင့်ရှုံးနိမ့်

0
238

မြန်မာ ယူ၂၃ အသင်းနှင့် ကိုရီးယားယူ ၂၃ အသင်းတို့ 2024 AFC U23 Asian Cup ခြေစစ်ပွဲနောက်ဆုံးပွဲစဉ်အဖြစ်ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းက ၃ ဂိုး ဂိုးမရှိဖြင့်ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို တောင်ကိုရီးယားနိုင်ငံ Changwon မြို့တွင် ကျင်းပနေခြင်းဖြစ်ပြီး ခြေစစ်ပွဲ အုပ်စု(ခ) နောက်ဆုံးပွဲစဉ်အဖြစ် မြန်မာ ယူ၂၃ အသင်းနှင့် ကိုရီးယား ယူ ၂၃ အသင်းတို့ ယနေ့စက်တင်ဘာ ၁၂ ရက် ညနေ ၅ နာရီ ၃၀ မိနစ်က ယှဉ်ပြိုင် ကစားခဲ့ကြခြင်းဖြစ်သည်။

အဆိုပါပွဲစဉ်တွင် မြန်မာအသင်းသည် ပထမပိုင်းအပြီးတွင် ၁ ဂိုး ဂိုးမရှိဖြင့် ဦးဆောင်ခံခဲ့ရပြီး ပွဲကစားချိန် ၈၅ မိနစ်နောက်ပိုင်းတွင် နောက်ထပ် ဦးဆောင်ဂိုး ၂ ဂိုးခွင့်ပြုခဲ့ရသည်။

အုပ်စုပွဲစဉ်အားလုံးပြီးဆုံးချိန်တွင် မြန်မာအသင်းသည် ၂ ပွဲရှုံး ၁ ပွဲသရေ ရမှတ် ၁ မှတ်ဖြင့် ခြေစစ်ပွဲ အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရကြောင်း သိရသည်။

Photo – MFF


LEAVE A REPLY

Please enter your comment!
Please enter your name here