မီးစက်အပူလွန်ကဲရာမှ မီးလောင်ကျွမ်းခဲ့မှု အင်းစိန်မြို့နယ်တွင်ဖြစ်ပွား

0
156

ရန်ကုန်တိုင်း၊အင်းစိန်မြို့နယ်၊တောင်သူကုန်းရပ်ကွက်၊မင်းကြီးလမ်းတွင် မီးစက်အပူလွန်ကဲရာမှ မီးလောင်ကျွမ်းခဲ့မှု စက်တင်ဘာ ၁၂ ရက်(ယနေ့) ညနေ ၄ နာရီ ၂၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“မီးစက်အပူလွန်ကဲပြီးလောင်တာ မီးလောင်ချိန်ခနလေးပါပဲ ပျက်စီးဆုံးရှုံးတာက မီးစက်ပဲရှိတယ် ကျန်တာမရှိပါဘူး”ဟု အင်းစိန်မြို့နယ်အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

မီးလောင်မှုအား အင်းစိန်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြ၍ ညနေ ၄ နာရီ ၂၃ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

Photo-အင်းစိန်မြို့နယ်ကြက်ခြေနီ


LEAVE A REPLY

Please enter your comment!
Please enter your name here