ယူကရိန်းကို ထောက်ပံ့ရာတွင် အမေရိကန်က ဒေါ်လာ ဘီလီယံ ၁၀၀ကျော် သုံးစွဲထားပြီးဖြစ်

0
313

ယူကရိန်းသို့ အကူအညီပေးရန်သုံးစွဲခဲ့သော အမေရိကန်အစိုးရ၏ ရန်ပုံငွေ စုစုပေါင်း ပမာဏသည် ဒေါ်လာ ၁၁၀ ဒသမ ၉၇ ဘီလီယံခန့်ရှိပြီးဖြစ်ကြောင်း အိမ်ဖြူတော် စီမံခန့်ခွဲမှုနှင့် ဘတ်ဂျက်ရုံးမှ ထုတ်ပြန်သော စာတမ်းကို ကိုးကား၍ Fox News သတင်းဌာနက အင်္ဂါနေ့တွင် ရေးသားဖော်ပြခဲ့သည်။

ဇန်နဝါရီလတွင် အိမ်ဖြူတော်သို့ ပြန်လည်တင်သွင်းခဲ့သော ရီပတ်ဘလီကန်လွှတ်တော်မတ်များအဖွဲ့၏ တောင်းဆိုမှုအရ အဆိုပါစာတမ်းကို အိမ်ဖြူတော်မှ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ၎င်းတွင် ယူကရိန်းစိုးရအား ပေးအပ်သည့် အမေရိကန်စစ်တပ်၊ ငွေကြေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ စုစုပေါင်း ပမာဏနှင့် အကြောင်း အချက်အလက်များ ပါဝင်သည်။

အဆိုပါ ဒေါ်လာ ၁၁၀ ဒသမ ၉၇ ဘီလီယံ အနက် ဒေါ်လာ ၁၀၁ ဒသမ ၁၉ ဘီလီယံခန့်ကို စီမံခန့်ခွဲရေးနှင့် ဘတ်ဂျက်ရုံးမှ သုံးစွဲပြီးဖြစ်ကြောင်း စာတမ်းတွင် ဖော်ပြထားသည်။

ဤငွေကြေးများတွင် ယူကရိန်းစိုးရမှ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ အစိုးရအဖွဲ့ထံသို့ တိုက်ရိုက်တင်ပြသော အကူအညီထပ်မံတောင်းခံမှု အသစ်များ မပါဝင်သေးချေ။ အဆိုပါ အကူအညီထပ်မံတောင်းခံချက်များမှာ စစ်ရေးအတွက် ဒေါ်လာ ၁၃ ဘီလီယံ အပါအဝင် အခြားသောဘဏ္ဍာရေးအကူအညီ ဒေါ်လာ ၂၄ ဘီလီယံမျှ ရှိနိုင်ကြောင်း ခန့်မှန်းရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here