ပထမအကြိမ်ဖူကူရှီးမားရေဆိုးစွန့်ထုတ်မှု အောင်မြင်စွာပြီးဆုံး

0
158

တိုကျို၊စက်တင်ဘာ ၁၁

ပထမအကြိမ် ဖူကူရှီးမားရေဆိုးစွန့်ထုတ်မှုကို အောင်မြင်စွာပြီးဆုံးခဲ့ပြီဖြစ်ကြောင်း စက်ရုံတာဝန်ရှိသူများကကြေငြာခဲ့ပြီး မကြာသေးမီရက်များအတွင်း ထပ်မံစွန့်ထုတ်ခြင်းမပြုမီ ပစ္စည်းကိရိယာများအားသန့်ရှင်းရေးပြုလုပ်ဦးမည်ဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

ဖူကူရှီးမားနျူစက်ရုံမှရေဆိုးများကို ဩဂုတ်လ ၂၄ ရက်နေ့ကစတင်စွန့်ထုတ်ခဲ့ပြီး ရေများအားလုံးစွန့်ထုတ်နိုင်ရန် ဆယ်စုနှစ်နဲ့ချီပြီးကြာမြင့်ဦးမည်ဖြစ်ကြောင်း ကို လည်းပြောကြားခဲ့သည်။

အဆိုပါကိစ္စကြောင့် ပြည်တွင်းငါးလုပ်ငန်းရှင်များနှင့်အိမ်နီးချင်းပြည်ပနိုင်ငံများက ကန့်ကွက်ခဲ့ကြပြီး တရုတ်နိုင်ငံကမူ ဂျပန်၏ပင်လယ်စာနှင့်ရေထွက်ပစ္စည်းတင်ပို့မှုများအားရပ်ဆိုင်းပစ်ခဲ့သည်။

၁၇ ရက် တာ ကြာမြင့်ခဲ့သည့် ပထမအကြိမ်ရေဆိုးထုတ်လွှတ်မှုတွင် ရေစည်‌ပေါင်း ၁၀ စည်မှ ရေဒီယိုသတ္တိကြွရေဆိုးတန်ချိန်ပေါင်း ၇,၈၀၀ တန်ကိုစွန့်ထုတ်ခဲ့ကြောင်း စက်ရုံတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့ပြီး စက်ရုံထဲရှိရေစည်စုစုပေါင်းမှာ စည်ပေါင်း ၁,၀၀၀ ဖြစ်သည်ဟုလည်းဆိုသည်။

ဒုတိယအကြိမ်မြောက်ရေဆိုးစွန့်ထုတ်မည့်ပမာဏမှာလည်း တန်ချိန် ၇,၈၀၀ ပင်ဖြစ်ပြီး ဒုတိယအကြိမ်စွန့်ထုတ်မှုမ ပြုလုပ်မီ ပိုက်လိုင်းများနှင့်ကိရိယာတန်ဆာပလာများကို ဝန်ထမ်းများက သန့်ရှင်းရေးလုပ်ဦးမည်ဖြစ်သည်ဟုလည်းဆိုခဲ့သည်။

Source : AP


LEAVE A REPLY

Please enter your comment!
Please enter your name here