ဂျပန်နှင့် တောင်ကိုရီးယားတို့သည် ရုရှားနှင့် အပြုသဘောဆောင်သော ဆွေးနွေးမှုတစ်ခု ပြန်လည်ပြုလုပ်လာလိမ့်မည်ဟုဆို

0
297

ဂျပန်နှင့် တောင်ကိုရီးယားတို့သည် ရုရှားနှင့် အပြုသဘောဆောင်သော ပြန်လည်ဆွေးနွေးမှုတစ်ခုကို ပြန်လည်ပြုလုပ်လာလိမ့်မည်ဟု ရုရှားအရှေ့ဖျားနှင့် အာတိတ်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Alexey Chekunkov က အရိပ်အမြွက်သဘော ပြောကြားခဲ့သည်။

ဂျပန်နှင့် တောင်ကိုရီးယားတို့မှ ကိုယ်စားလှယ်အဖွဲ့များ မတက်ရောက်ကြခြင်းသည် အရှေဖျားစီးပွားရေးဖိုရမ် (EEF)အစီအစဉ်အပေါ် မည်ကဲ့သို့ အကျိုးသက်ရောက်စေသနည်းဟု မေးမြန်းရာတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါဖိုရမ်တွင် “လက်ရှိအခြေအနေအရ ဖော်ရွေမှုမရှိ”ဟု ရုရှားနိုင်ငံက သတ်မှတ်ခြင်းခံထားရသော နိုင်ငံပေါင်း ၅၃ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်နေကြကြောင်းကိုလည်းဝန်ကြီးက ထပ်လောင်းပြောကြားခဲ့သည်။

“ဖိုရမ်ကို တက်ရောက်လာတဲ့သူတွေက ရုရှားကို စိတ်ဝင်စားပြီး ပူးပေါင်းဆောင်ရွက်ဖို့အတွက် အဆင်သင့်ဖြစ်နေပါပြီ” ဟု Chekunkov က ပြောကြားပြီး တရုတ်နှင့် အိန္ဒိယတို့မှ ကိုယ်စားလှယ်များသည် စွမ်းအင်၊ ရေကြောင်းသွားလာရေး၊ အထူးသဖြင့် မြောက်ပိုင်းပင်လယ်လမ်းကြောင်း၊ သင်္ဘောတည်ဆောက်ရေး၊ နည်းပညာ၊ ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ရုရှားနှင့် ပူးပေါင်းဆောင်ရွက်ရန်ကို စိတ်ဝင်စားကြောင်း ပြသနေသည်ဟု Chekunkov က ပြောကြားခဲ့သည်။ “

အဌမအကြိမ်မြောက် အရှေဖျားစီးပွားရေးဖိုရမ် Eastern Economic Forum (EEF) ကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အထိ ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့မြို့တွင် ကျင်းပလျှက်ရှိသည်။ ယခုနှစ်ဖိုရမ်အတွက် ဆောင်ပုဒ်မှာ “မိတ်ဖက်ဆက်ဆံရေး၊ ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးဆီသို့”ဟူ၍ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here