ကျောင်းသားများကို လိုက်ပို့သည့် ကျောင်းဆရာမ တစ်ဦး ချောင်းရေနှင့် မျောပါကာ ရေနစ်သေဆုံးမှု ဖြစ်ပွား

0
262

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်တွင် နေအိမ်သို့ စာလာသင်သည့် ကျောင်းသားများအား လိုက်ပို့သည့် ဆရာမ (၁)ဦး ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံ မီးသတ်တပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ(၁၁)ရက် ညနေပိုင်းက သေဆုံးသူ ဆရာမ၏ နေအိမ်၌ စာလာသင်သည့် ကျောင်းသားများအား ဆရာမက ပြန်လိုက်ပို့စဉ် ဇီးပင်ကန်ချောင်းအတွင်း ကျောင်းသား (၂)ဦး ရေနစ်မှုကို ဆရာမမှ ဆင်းကယ်ရာတွင် ရေစီးနှင့် မျောပါ သေဆုံးခဲ့ရခြင်းဖြစ်သ ည်။

ယင်းကဲ့သို့ ရေစီးနှင့် မျောပါ ပျောက်ဆုံးသွားသည့်အတွက် ဒေသခံရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ လိုက်လံရှာဖွေရာ ပြန်လည်တွေ့ရှိခဲ့သည့်အတွက် ရှေးဦးသူနာပြုနည်းများဖြင့် ကုသပြုစုခဲ့သော်လည်း ကယ်ဆယ်၍မရဘဲ အသက်သေသွားဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ သေဆုံးသွားသည့် ဆရာမမှာ ရေနံချောင်းမြို့လယ်ပေါ်ကျောင်းမှ အလယ်တန်းပြဆရာမဒေါ်မြင့်မြင့်စန်း (၅၀)နှစ်ဖြစ်ပြီး ရုပ်အလောင်းအား မီးသတ်တပ်ဖွဲ့ယာဉ်ဖြင့် ရေနံချောင်းမြို့နယ် ပြည်သူဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here