ရုရှားခရီးစဉ်သည် နှစ်နိုင်ငံဆက်ဆံရေးအတွက် မဟာဗျူဟာမြောက်အရေးပါဟု ကင်မ်ဂျုံအမ်းဆို

0
244
In this pool photo distributed by Sputnik agency, Russia's President Vladimir Putin (Centre L) shakes hands with North Korea's leader Kim Jong Un (2nd R) during their meeting at the Vostochny Cosmodrome in Amur region on September 13, 2023. - Russian President Vladimir Putin and North Korean leader Kim Jong Un both arrived at the Vostochny Cosmodrome in Russia's Far East, Russian news agencies reported on September 13, ahead of planned talks that could lead to a weapons deal. (Photo by Vladimir SMIRNOV / POOL / AFP)

ဆိုးလ်၊စက်တင်ဘာ ၁၃

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအမ်းက ရုရှားသို့ရောက်ရှိနေသည့်၎င်း၏ခရီးစဉ်သည် နှစ်နိုင်ငံပူးပေါင်းဆက်ဆံရေး၏ မဟာဗျူဟာမြောက်အရေးပါမှုတစ်ခုဖြစ်သည်ဟုပြောကြားခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင်နှင့်ရုရှားခေါင်းဆောင်တို့အနေဖြင့် လက်နက်ကုန်သွယ်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုမလုပ်သင့်ကြောင်း ဝါရှင်တန်ကသတိပေးနေသည့်ကြားမှပင် ကင်မ်သည်ရုရှားသို့သီးသန့်ရထားဖြင့် အင်္ဂါနေ့ကရောက်ရှိလာခြင်းဖြစ်သည်။

မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာတစ်ခုဖြစ်သည့် KCNA ကမူ ကင်မ်ဂျုံအမ်းသည်နယ်စပ်မြို့ ခါဆန်သို့သီးသန့်ရထားဖြင့်ရောက်ရှိလာစဉ် ရုရှားအရာရှိများနှင့်အခြားတာဝန်ရှိသူများက ကြိုဆိုခဲ့သည့်မှတ်တမ်းများကိုထုတ်လွှင့်ခဲ့သည်။

ကင်မ်၏ယခုရုရှားခရီးစဉ်သည် လေးနှစ်နီးပါးကာလအတွင်း ၎င်း၏ပထမဆုံးရုရှားခရီးစဉ်ဖြစ်သကဲ့သို့ ကမ္ဘာ့ကပ်ရောဂါအပြီးတွင် ပြန်လည်စတင်သည့်ပထမဆုံးခရီးလည်းဖြစ်ကြောင်းသိရသည်။

မြောက်ကိုရီးယားခေါင်းဆောင်၏ရုရှားခရီးစဉ်သည် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးချစ်ကြည်မှုကိုလည်းတိုးမြင့်လာစေနိုင်ကြောင်း ကေစီအင်န်အေကပြောကြားခဲ့သည်။

Source : CNA


LEAVE A REPLY

Please enter your comment!
Please enter your name here