မလေးရှား သင်္ဘောနစ်မှုမှ ပျောက်ဆုံးနေသည့် မြန်မာနှစ်ဦး၏ ရုပ်အလောင်းများ လက်ရှိအချိန်ထိ ရှာမတွေ့သေး

0
243

မလေးရှား သင်္ဘောနစ်မြစ်မှု ဖြစ်စဉ်တွင် ပျောက်ဆုံးခဲ့သ ည့် မြန်မာလေးဦးအနက် နှစ်ဦးမှာ လက်ရှိအချိန်ထိ ပျောက်ဆုံးနေဆဲဖြစ်ကြောင်းမြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား အလုပ်သမားများ အဖွဲ့ချုပ်(MSF) မှ သိရသည်။

အဆိုပါ ပျောက်ဆုံးသင်္ဘောသား လေးယောက်ထဲမှ နှစ်ယောက်၏ ရုပ်အလောင်းကို ပြန်လည်ရှာတွေ့ခဲ့ပြီး မိသားစု DNA နှင့် တိုက်ဆိုင်စစ်ဆေးအတည်ပြုနိုင်ခဲ့သော်လည်း ကျန်နှစ်ဦး၏ ရုပ်အလောင်းမှာ လက်ရှိအချိန်ထိ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်္ဘောသား‌ လေးယောက်အတွက် အသက်အာမခံကြေးနှင့် လျော်ကြေးငွေများရရှိရန်ဆောင်ရွက်ရာတွင်လည်း လိုအပ်သည့် အချက်အလက်များ မပြည့်စုံခြင်းကြောင့် အခက်အခဲများကြုံခဲ့ရကြောင်း သိရသည်။

ယင်းကဲ့သို့ အခက်အခဲ ကြုံနေရသည့်အတွက် သင်္ဘောသား အသက်အာမခံနှင့် နစ်နာကြေးမရရှိခြင်းများကို ကူညီဆောင်ရွက်ပေးရန် MSF ထံ အကူအညီ တောင်းခံလာသည့်အတွက် ကူညီဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၂၀ ) ရက်တွင် မလေးရှားနိုင်ငံ Sebuyau ရှိ Pulau Burung ရေပြင်တွင် MV Tung Sung ကုန်တင်သင်္ဘောတစ်စင်း တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ နစ်မြုပ်ခဲ့သည့် MV Tung Sung သင်္ဘောသည် ကျောက်စရစ် တင်ဆောင်လာသည့် သင်္ဘောဖြစ်ပြီး မလေးရှားနိုင်ငံသား (၄) ဦး ၊ မြန်မာ (၄) ဦးနှင့် အင်ဒိုနီးရှားနိုင်ငံသား (၁) ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Photo- Maritim Malaysia


LEAVE A REPLY

Please enter your comment!
Please enter your name here