ဂျပန်တံတားအဆင်းတွင် ယာဉ်တစ်စီးမှ လမ်းဘေး ဓာတ်တိုင်အား ဝင်တိုက်မှုဖြစ်ပွား (၂) ဦး ဒဏ်ရာရ

0
284

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ဂျပန်တံတားအဆင်းတွင် ယာဉ်တစ်စီးမှ လမ်းဘေး ဓာတ်တိုင်အား ဝင်တိုက်မှုဖြစ်ပွားခဲ့ရာ (၂)ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုမှာ စက်တင်ဘာ (၁၃)ရက် ည (၁၀) နာရီ (၃၅) မိနစ် အချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရ ကျား(၁)ဦး အဝါရောင်အဆင့်နှင့် မ (၁)ဦး အစိမ်းရောင်အဆင့်တို့အား သပြေကုန်းလူမှုကူညီရေးအသင်း Ambulance ယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here