လားရှိုးမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီးတောင်ကျရေစီးဆင်းကာ အုတ်တံတိုင်းပြိုကျ၍ အမျိုးသား ၁ ဦးသေဆုံး

0
174

ရှမ်းပြည်နယ်၊လားရှိုးမြို့တွင် စက်တင်ဘာ ၁၄ ရက်(ယနေ့)နံနက် ၂ နာရီ ၄၀ မိနစ်ခန့်က မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထိုသို့ မိုးသည်းထန်စွာရွာသွန်းပြီးတောင်ကျရေစီးဆင်းခဲ့ရာ လားရှိုးမြို့၊ရပ်ကွက်(၅)၊နယ်မြေ(၁၃)ရှိ နေအိမ်တစ်လုံးပေါ်သို့ နေအိမ်အုတ်တံတိုင်းပြိုကျကာပိမိသွားခဲ့သဖြင့် နေအိမ်အတွင်းမှ အမျိုးသား ၁ ဦးမှာ ထိခိုက်ဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သေဆုံးသူ၏ရုပ်အလောင်းအား လားရှိုးမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်လားရှိုးလူငယ်များလူမှုကူညီရေးအသင်းတို့မှ ပြိုကျနေသည့်အုတ်ပုံများကြားမှ သယ်ထုတ်၍ လားရှိုးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် လားရှိုးမြို့၊တောင်ခြေရင်းရှိ အမှတ် (၅/၆/၇/၁၂)ရပ်ကွက်များရှိ နေအိမ်များအတွင်းသို့လည်း ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့၍ ယင်းနေအိမ်များတွင် နေထိုင်သူများအား မီးသတ်တပ်ဖွဲ့ဝင်များနှင့်လားရှိုးလူငယ်များလူမှုကူညီရေးအသင်းဝင်များက ရေဘေးလွတ်ကင်းရာသို့ ယာယီရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here