နိုင်ငံခြားသားအင်ဂျင်နီယာပညာရှင်များနှင့်မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှအဖွဲ့ဝင်များ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြှော်လေ့လာ

0
346

နေပြည်တော်၊ဒက္ခိဏသီရိမြို့နယ်၌ တည်ထားကိုးကွယ်တော်မူထားသည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား နိုင်ငံခြားသားအင်ဂျင်နီယာပညာရှင်များနှင့်မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှအဖွဲ့ဝင်များ စက်တင်ဘာ ၁၃ ရက်နံနက်ပိုင်းက ဖူးမြှော်လေ့လာခဲ့ကြသည်။

တရုတ်နိုင်ငံ၊ထိုင်းနိုင်ငံ၊စင်ကာပူနိုင်ငံ၊မလေးရှားနိုင်ငံ၊ကိုရီးယားနိုင်ငံတို့မှ နိုင်ငံခြားသားအင်ဂျင်နီယာပညာရှင် ၂၆ ဦးနှင့်မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှအဖွဲ့ဝင် ၅၄ ဦး(စုစုပေါင်း အဖွဲ့ဝင် ၈၀ ဦး)တို့က ဖူးမြှော်လေ့လာခဲ့ကြသည်။

အင်ဂျင်နီယာအဖွဲ့ဝင်များအား တာဝန်ရှိသူတစ်ဦးနှင့်မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ထားကိုးကွယ်ရေးဆိုင်ရာ တာဝန်ခံအင်ဂျင်နီယာအဖွဲ့မှတာဝန်ရှိသူတစ်ဦးတို့က ကဏ္ဍအလိုက်ရှင်းလင်းပြသခဲ့ကြသည်။

ထို့နောက် အင်ဂျင်နီယာအဖွဲ့ဝင်များသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့်မာရဝိဇယဗုဒ္ဓဥ ယျာဉ်တော်အတွင်းရှိ ဂန္ဓကုဋိတိုက်များ၊သုဓမ္မာ ဇရပ်များ၊မုစလိန္ဒကန်နှင့်နဂါးရုံဘုရား၊ရေပန်းရင်ပြင်၊မာရဝိဇယကျောင်းတော်၊အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၊သဒ္ဓါဓိပတိ ခေါင်းလောင်းတော်နှင့်ကျောက်စာရုံစေတီတော်များအပါအဝင် အခြားဘာသာရေးဆိုင်ရာ အဆောက်အဦများနှင့် ဥယျာဉ်တော်အတွင်း လှည့်လည်ကြည့်ရှုဖူးမြော်ခဲ့ကြသည်။

ထိုသို့ ဖူးမြှော်လေ့လာခြင်းအား အာရှနှင့်ပစိဖိတ်ဒေသတွင်းဆိုင်ရာအင်ဂျင်နီယာများအဖွဲ့ချုပ်၊မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့်မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်မှအဖွဲ့ဝင် အင်ဂျင်နီယာများ သည် မြန်မာနိုင်ငံ၌ စက်တင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်တို့ကကျင်းပခဲ့သည့် (၃၁)ကြိမ်မြောက် အာရှနှင့်ပစိဖိတ်ဒေသတွင်းဆိုင်ရာအင်ဂျင်နီယာများအဖွဲ့ချုပ်အထွေထွေညီလာခံနှင့်(၇)ကြိမ်မြောက် ဂုဏ်ထူးဆောင်ဟောပြောပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အစည်းအဝေးပြီးမြောက်ချိန်တွင် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ထားရှိမှု ဗိသုကာလက်ရာများကိုလေ့လာရန် အစီ အစဉ်တစ်ရပ်အဖြစ် ထည့်သွင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here